Friday, March 28, 2014

ndf 13 သတင်းထုတ်ပြန်ချက် ၁၃၊



-

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ချက်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  (  ၁၃- ၂၀၁၄)

ရက်စွဲ။ ၂၈-၃-၂၀၁၄

NDF ပါတီခေါင်းဆောင်များ ထန်းတပင်လယ်သမားများနှင့်တွေ့ဆုံ

         ၂၈-၃-၂၀၁၄ ရက်နေ့  နံနက် ၁၁း၀၀ နာရီက အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များနှင့် ထန်းတပင်မြို့နယ်ရှိ ပါတီဝင်လယ်သမားများနှင့် တွေ့ဆုံပွဲကို  ထန်းတပင်မြို့နယ်၊ အညာစုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထို့တွေ့ဆုံပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ စီအီးစီအဖွဲ့ဝင်များဖြစ်ကြသော ဦးသာဆိုင်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊ ဗဟိုဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ထန်းတပင်မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင် လယ်သမားများ  စုစုပေါင်း ၁၀၀ခန့်တက်ရောက်ခဲ့ကြသည်။

         တက်ရောက်လာသော ပါတီဝင်များနှင့် ပါတီခေါင်းဆောင်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် ထန်းတပင်ဥက္ကဌ ဦးမြမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ မှ NDF ပါတီ ဖြစ်ပေါ်လာခြင်းနှင့် လုပ်ဆောင်ချက်များ၊ ရှေ့မျှော်မှန်းချက်များအကြောင်း၊ ပါတီဒုခေါင်းဆောင် ဦးတိုးပိုက ပါတီ၏ရည်ရွယ်ချက်များနှင့် ထားရှိရမည့် သဘောထားအမြင်များကိုအကြောင်း၊ အတွင်းရေးမှူး(၁) ဦးကြည်သန်းက ပါတီ၏မူဝါဒများအကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇင်က လယ်ယာမြေကိစ္စ ဆောင်ရွက်မှုအခြေအနေများ၊ လွှတ်တော်တွင်း လယ်ယာကိစတင်ပြခဲ့မှုများနှင့် လယ်သမားဘက်မှ ဆောင်ရွက် သင့်သည့်ကိစ္စရပ်များအကြောင်း၊ ရန်ကုန်တိုင်းအမျိုးသမီးအဖွဲ့ အတွင်းရေးမှူး ဒေါ်လှလှမိုးမှ အမျိုးသမီးလုပ်ငန်း များနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများအကြောင်း၊ လယ်ယာမြေဥပဒေနှင့်ပတ်သက်သည့် သိထားသင့်သည် များကို ဦးကြီးမြင့်မှလည်းကောင်း  ရှင်းလင်းပြောကြားခဲ့သည်။        

         တက်ရောက်လာသည့် လယ်သမားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပါတီခေါင်းဆောင် များက ဖြေကြားခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် ၂း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

 

 

 

 

 

နိုင်ငံတော်သမ္မတနှင့်နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံမည်

         ၂၉-၃-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ရန်ကုန်မြို့၊ ပြည်သူု့လွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံကြမည် ဖြစ်သည်။ နိုင်ငံရေးပါတီများမှ တစ်ပါတီလျှင် သုံးဦး တက်ရောက်ရန် ဖိတ်ကြားထားပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင်ဦးတိုးပိုနှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့ တက်ရောက်ကြမည် ဖြစ်သည်။

         NDFပါတီအနေဖြင့် နိုင်ငံတော်သမ္မတအား ပါတီအခြေခံသဘောထားရပ်တည်ချက် ငါးချက်နှင့် နိုင်ငံရေး လိုအပ်ချက်များဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး၊ ဒီမိုကရေစီနှင့်လူ့အခွင် အရေး၊ တိုင်းရင်းသားများအရေးနှင့် မျက်မှောက်ကာလစိန်ခေါ်မှုများအရေးများကို  တင်ပြသွားမည်ဖြစ်ပြီး ထိုစာတမ်းကိုလည်း ပေးအပ်ရန်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

မြန်မာ့ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ပြုစုသည့် မြန်မာ့နိုင်ငံရေးပါတီများ၏ အချက်အလက်စုစည်းမှုစာအုပ်  ပေးအပ်ပွဲသို့ NDFမှ တက်ရောက်

         ၂၈-၃-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် မီကာဆာဟိုတယ်၌ ကျင်းပသည့် မြန်မာ့ဖွံ့ဖြိုးရေးမဏ္ဍိုင် အဖွဲ့မှ ပြုစုသည့်  မြန်မာ့နိုင်ငံရေးပါတီများ၏ အချက်အလက်စုစည်းမှုစာအုပ် ၂၀၁၀-၂၀၁၂  ပေးအပ်ပွဲသို့  နိုင်ငံရေးပါတီများ၊ အဲန်ဂျီအိုများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများသို့ ဖိတ်ကြားခဲ့ရာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတိုးတိုး တက်ရောက်ခဲ့သည်။

         ထိုအခမ်းအနားတွင် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဒေါ်မြသဲသစ္စာမှ စာအုပ်ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းနှင့် ဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံရေးပါတီများ၏ ပါတီမူဝါဒများအပေါ် အမြင်သုံးသပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ ပြီး ဆရာဦးဇေယျသူမှ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  နိုင်ငံရေးပါတီများအကြောင်းကို ဟောပြောခဲ့သည်။ တက်ရောက်လာ သူများက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြပြီး အခမ်းအနားကို ညနေ ၅း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

 


No comments:

Post a Comment