Saturday, March 15, 2014

Fwd: ndf သတင်းထုတ်ပြန်ချက်အမှတ် (၁၁-၂၀၁၄)






အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၁၁-၂၀၁၄)

ရက်စွဲ၊  ၁-၃-၂၀၁၄

 

NDF ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ရပ်ကျေးရုံးဖွင့်လှစ်

                 ၁-၃-၂၀၁၄ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ နေပြည်တော် အမြန်လမ်း မိုင်တိုင် ၈၀ အနီးရှိ ဆီဆုံကုန်းကျေးရွာတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရပ်ကျေးရုံးဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။ ထို့ဖွင့်ပွဲသို့ NDF ပါတီ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေး မှူး ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်၊ ပြန်ကြားရေးမှူးဦးတိုးတိုးနှင့် ဌာနချုပ်လူငယ်များဖြစ်ကြသော ကိုကျော်သူရ၊ ကိုထွန်းထွန်းဝင်း၊ ပဲခူးတိုင်းဒုဥက္ကဌ ဦးမြတ်မိုးနှင့် ပဲခူးတိုင်းစည်း ရုံးရေးကော်မတီဝင်များ ဖြစ်ကြသော လမ်းပြကြယ်ဦးအေးမြင့်၊ ဦးခင်ဇော်၊ ဦးမြင့်သိန်းနှင့် ကျောက်တံခါးမြို့နယ် စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၁၅၀ ကျော် တက်ရောက်ခဲ့သည်။

         ဆိုင်းဘုတ်တင်ပြီးနောက် လယ်သမားများနှင့်တွေ့ဆုံပွဲတွင် လမ်းပြကြယ်ဦးအေးမြင့်မှ လယ်ယာကိစ္စနှင့် ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နေပုံများ၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦးက ဒီမိုကရေစီရေး ဆောင်ရွက်မှုများနှင့် NDF ပါတီပေါ်ပေါက်လာရခြင်း၏ အဓိကအကြောင်းရင်းများ၊  ပါတီအတွင်းရေးမှူး(၁) ဦးကြည်သန်းက NDF ပါတီ၏ မူဝါဒများနှင့် လယ်သမားအရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းလွှတ် တော်ကိုယ်စားလှယ်ဦးသက်ထွန်းမောင်က လွှတ်တော်တွင်းနှင့် အစိုးရအဖွဲ့တို့အား  အရေးဆိုတင်ပြလုပ်ဆောင် ခဲ့မှုများနှင့် ရလာဒ်များအကြောင်းများကို ရှင်းပြခဲ့သည်။

         တောင်သူလယ်သမားများက ရဲနွယ်ချောင်းတာမံ တည်ဆောက်မှုကြောင့် မြေယာများရေနှစ်မြုတ်ခြင်းနှင့် မိသားစုဘ၀ပျက်စီးရခြင်းများကို ကူညီဆောင်ရွက်ပေးပါရန် တင်ပြချက်များကို တာဝန်ရှိသူများဖြစ်ကြသော လမ်းပြကြယ်ဦးအေးမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်၊ ပဲခူးတိုင်းအတွင်းရေးမှူး ဦးခင်ဇော်တို့ က ဆောင်ရွက်ရမည့်အခြေအနေများနှင့် ဆောင်ရွက်ထားမှုများ၊ ပြီးစီးမှုအနေအထာားများ၊ လျှော်ကြေးငွေရနိုင်မည့်အနေအထားများနှင့် သိမ်းဆည်းမြေယာအချို့ကို မူလိပိုင်ရှင်များလက်သို့ ပြန်လည်ပေးအပ်ရန် အစိုးရ၏ထုတ်ပြန်ကြေညာချက်ကြောင့် အထောက်အထားခိုင်ခိုင်လုံလုံဖြင့် သက်ဆိုင်ရာမြို့နယ်မြေယာကော်မတီများသို့တင်ပြကြရန်နှင့် လိုအပ်သည်များကို ပါတီသို့အကူအညီ တောင်းခံပြီးလုပ်ဆောင်ကြရန်  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

         ထို့နောက် ပဲခူးတိုင်းတာဝန်ခံ ပါတီအတွင်းရေးမှူး(၂) ဦးနေမင်းကျော်က နိဂုံးချုပ်အမှာစကားပြောကြား ကာ အခမ်းအနားကို နေ့လည် ၁၂း၀၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


No comments:

Post a Comment