Sunday, March 30, 2014

နိုင်ငံတော်သမ္မတထံတင်ပြသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအခြေခံသဘောထား(၅)ချ





နိုင်ငံတော်သမ္မတထံတင်ပြသည့်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအခြေခံသဘောထား(၅)ချက်

 

၁။      အမျိုးသားအချုပ်အခြာအာဏာကို မည်သည့်အကြောင်းနှင့်မျှ ထိပါးမခံရရေး၊

၂။      အဓွန့်ရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုရရှိရေး

၃။      စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး၊

၎။      နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့အပေါ် အာမခံချက်ရှိ စေရေး၊

၅။      ပြည်သူတို့၏ လူမှုစီးပွားရေးဘ၀တို့ မြင့်မားတိုးတက်စေရေး စသည့် အခြေခံသဘောထားများ ကို ဖြည့်ဆည်းရေးအတွက် အောက်ပါနိုင်ငံရေးလိုအပ်ချက်များကို ဖော်ပြအပ်ပါသည်။

 

         အခြေခံဥဒေပြင်ဆင်ရေး

v ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ အတည်ပြုပေါ်ထွက်လာမည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးဆိုင်ရာအချက်များကို ၂၀၀၈ အခြေခံဥပဒေတွင် ထည့်သွင်းပြင်ဆင်ရေး ဆွဲရန်၊

v လက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်သူများကြုံတွေ့နေရခြင်းသည် ခေတ်အဆက်ဆက် အခြေခံဥပဒေများတွင် ပြည်ထောင်စုစနစ် မပြည့်စုံမှု၊ ပြည်ထောင်စုအနှစ်သာရ အားနည်း မှုနှင့် အမျိုးသားညီညွတ်ရေးအမြင်ကို အဓိကမပါရှိခဲ့မှုများကြောင့် ဖြစ်သည်။ သို့ပါ၍  အခြေခံဥပဒေတွင် ယင်းအချက်များကို အလေးပြုထည့်သွင်းပြင်ဆင်ရန်၊

v အမျိုးသားလွှတ်တော်အတွင်း ကိုယ်စားလှယ် ပါဝင်မှုအချိုးအစားအား  အမျိုးသားတန်း တူညီမျှမှု ရှိသည့် အနေအထားနှင့် လိုက်ဖက်ညီရေး ဖြည့်ဆည်းနိုင်ရေး စဉ်းစားရန်၊

v တိုင်းဒေသကြီး၊ပြည်နယ်များ၏   အချုပ်အခြာအာဏာကို    ထိုဒေသရှိပြည်သူများ လွတ်

လပ်စွာ ကျင့်သုံးခွင့်ရှိခြင်း၏လက္ခဏာအဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များကို   ဆိုင်ရာလွှတ်တော်များက ရွေးချယ်တင်မြှောက်ခွင့် ရရှိစေရန်၊

v နိုင်ငံပိုင်သယံဇာတများကို ပြည်ထောင်စုအစိုးနှင့် ပြည်နယ်အစိုးရများအကြား အခြေခံ ဥပဒေအရ သဘောထူခွဲဝေသတ်မှတ်ချက်မူဖြင့် ထုတ်ယူသုံးစွဲရေးနှင့် ယင်းသယံဇာတ ထုတ်ယူမှုမှရရှိသည့် အခွန်အခများကို ဗဟိုအစိုးရ၊ ပြည်ထောင်စုရံပုံငွေနှင့် ပြည်နယ် အစိုးရရံပုံငွေများအဖြစ် ကောက်ယူခွင့်ရှိသည့် အာဏာခွဲဝေကျင့်သုံးမှုအဖြစ် ပြည်ထောင် စုနှင့် ပြည်နယ်များ ပူးတွဲကောက် ယူနိုင်မည့် အခွန်အခစာရင်းကို  (ဇယား-၆) အဖြစ်

ဖြည့်စွက်ပြင်ဆင်ရန်၊

v ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သီမ်း၍ အဆိုပါကောင်စီ၏ တာဝနှ်နှင့်လုပ်ပိုင် ခွင့်များကို နိုင်ငံတော်သမ္မတမှ တာဝန်ယူဆောင်ရွက်ရန်၊

v တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို  အနာဂတ်ရွေးကောက်ပွဲများမှ ပေါ် ပေါက်လာမည့်လွှတ်တော်များတွင် အချိန်ကာလအလိုက် အဆင့်ဆင့် လျော့ချသတ်မှတ် သွားရေး စသည့် အချက်များ ဖြင့် ဖြည့်စွက်သွားရန်။

v နယ်စပ်ရေးရာဝန်ကြီးဌာနကို ဖျက်သိမ်းရန်။  အဆိုပါဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာ နများကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ သွပ်သွင်းဆောင်ရွက်ရန်၊

v ၀န်ကြီးနေရာအားလုံးတွင်သင့်လျှော်သောအရပ်ဖက်ပုဂ္ဂိုလ်များအားဦးစားပေးခန့် အပ်ရန်၊

 

         ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး

v ဒီမိုကရေစီအခြေခံများနှင့် ပြည်ထောင်စုစနစ်အခြေခံများအပေါ် တည်ဆောက်ထားသည့် ပြင်ဆင်ပြီးအခြေခံဥပဒေကို နောက်ခံပြုဖွဲ့စည်းရန်၊

v လူမျိုးကြီးဝါဒနှင့်ကျဉ်းမြောင်းသည့်လူမျိုးစွဲဝါဒကင်းစွာ၊ လူမျိုးတစ်မျိုးတည်းကဖြစ်စေ၊ လူမျိုးကြီးရှစ်မျိုးကဖြစ်စေ၊ လွှမ်းမိုးချယ်လှယ်သည်ဆိုသည့်အမြင် ကင်းရှင်းသော ပြည်နယ်ပေါင်းစု ပြည်ထောင်စုအသွင်တည်ဆောက်ရန်၊

v စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေးအတွက်-

o   အသွင်သဏ္ဍာန်အားဖြင့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရန်၊

o   အနှစ်သာရအားဖြင့် အခြေခံဥပဒေအရ တိကျသည့် အာဏာခွဲဝေကျင့်သုံးမှု ရှိရန်၊

o   ပြည်ထောင်စုဝင် ပြည်နယ်များအားလုံး အမျိုးသားတန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ကြမ္မာ့ ကိုယ်ဖန်တီးခွင့်နှင့် လူမျိုးတိုင်း၏ မွေးရာပါအခွင့် အရေးများအပေါ် အာမခံချက်ရှိစေရန်၊

o   ပြည်နယ်များ၏ အချုပ်အခြာအာဏာကို ပြည်နယ်သားများက ဒီမိုကရေစီသဘော အရ ပိုင်ခွင့်ရရှိစေပြီး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ  လွတ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိစေ ရန်။

 

         ဒီမိုကရေစီနှင့် လူ့အခွင့်အရေး

v စနစ်သစ်ဆီသွားရာတွင် စနစ်ဟောင်း အတွေးအခေါ်လုပ်ရပ်များကို ပြုပြင်နိုင်ရန်နှင့် အများပြည်သူတို့နှင့်သက်ဆိုင်သည့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နှင့် စီးပွားရေးအရ အဟန် အတား ဖြစ်နေခြင်းများကို ဥပဒေသစ်များပြဋ္ဌာန်း၍ ဖြေရှင်းဆောင်ရွက်ပေးရန်၊

v ရေတိုပြောင်းလဲမှုများအဖြစ် ပြည်သူများ၏ စားဝတ်နေမှုအဆင်ပြေရေးကို ရှေ့ရှု၍  ကာလတိုအတွင်း အကျိုးစီးပွားဖြစ်ထွန်းနိုင်သော လယ်ယာကုန်ထုတ်လုပ်ငန်းနှင့် ခရီး သွားလုပ်ငန်းတိုးတက်မှုတို့ကို တပြိုင်နက်ဆောင်ရွက်ပေးရန်၊

v အများညီစိတ်ဓာတ်ဖြင့် စုပေါင်းဆောင်ရွက်ခြင်း၊ စိန်ခေါ်ချက်များကို ခံနိုင်ရည်ရှိရှိ စိတ်ဓာတ်ကြံ့ခိုင်စွာ ချဉ်းကပ်အဖြေရှာခြင်းနှင့် မျှဝေခံစားတတ်ခြင်း စသည့် ဒီမိုကရေစီ ယဉ်ကျေးမှုများကို  မြန်မာ့လူမှုယဉ်ကျေးမှုဓလေ့အဖြစ် ထွန်းကားပြန့်ပွားနိုင်ရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ပမာဏနှင့် လှုပ်ရှားဆောင်ရွက်မှုများကို နိုင်ငံတော်မှ အားပေးမြှင့်တင်ပေးရန်။   

         တိုင်းရင်းသားအရေး၊

v တိုင်းရင်းသားလူမျိုးများအရေးနှင့် ပြည်ထောင်စုအရေးသည် ခွဲခြားမရ၊ ထို့အတူ ခွဲခြား ခြင်းမပြုရမည့် နိုင်ငံရေးလိုအပ်ချက်အဖြစ် မှတ်ယူစေရန်၊

v တိုင်းရင်းသားလူမျိုးများအရေးသည် တစ်မျိုးသားလုံးအရေးဖြစ်၍ ဒီမိုကရေစီပြည်ထောင် စုသစ် ပေါ်ထွန်းရေးအတွက် အဓိကမောင်းနှင်အားအဖြစ် ခံယူသဘောထားနိုင်ကြစေရန်၊

v တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးများ၊ ပြည်နယ်ပေါင်းစု ပြည်ထောင်စု ဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ၊ အခွင့်အလမ်းနှင့်အဆင့်အတန်းအရ တန်းတူညီမျှမှုများ၊ နိုင်ငံသား အခွင့်အရေးနှင့် ရပိုင်ခွင့်များသည် ဒီမိုကရေစီပြည်ထောင်စုစနစ်အောက်တွင် သာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိလက်ခံကြစေရန်၊

v လူမျိုးပေါင်းစုံတည်ရှိသည့် ဤမြန်မာနိုင်ငံတွင် ပြည်ထောင်စုမြန်မာနိုင်ငံသား အမျိုးသား ရေးထီးရိပ်အောက်တွင် တစုတစည်းတည်း တည်ရှိနိုင်ရေးအတွက် ပြည်ထောင်စုမြန်မာ နိုင်ငံသား အမျိုးသားရေးစိတ်ဓာတ်ကို မွေးမြူအားပေးနိုင်စေရန်။

 

         မျက်မှောက်ကာလ နိုင်ငံရေးစိန်ခေါ်မှုများအရေး

v သိမ်းဆည်းခံလယ်ယာမြေများနှင့် အခြားမြေများ ပြန်လည်ပေးအပ်ရေးကိစ္စ ရှင်းလင်း လွယ်ကူစွာ အမြန်ဆုံးပြီးပြတ်ရေးနှင့်  ဥပဒေလုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း၍ နိုင်ငံတော် မှ တာဝန်ယူဆောင်ရွက်ပေးရန်၊ ဥပမာအားဖြင့် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် သိမ်းပိုက်ရေး ဥပဒေအရ လုပ်ဆောင်ခဲ့မှုများကဲ့သို့  နမူနာထားဆောင်ရွက်နိုင်ရန်၊

v အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်ရာမဲ့ အခြေခံလူတန်းစား ပြည်သူများကို စီးပွားရေး အကျိုးအမြတ်ရလိုမှုကြောင့် တရားမဲ့ဝင်ရောက်ကျူးကျော်နေထိုင်သူများနှင့် တန်းတူ ထား၍ အကြမ်းဖက်ဖယ်ရှားနေခြင်းများကို နိုင်ငံတော်အဆင့်မှ ပြန်လည်နေရာချထား ရေး အစီအစဉ်များဖြင့် အမြန်ဆုံး ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးရန်၊

v ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်၏ အခြေခံဖြစ်သည့် အများပြည်သူဆန္မမဲဖြင့် တင်မြှောက် ထားသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးစနစ်များ ပေါ်ပေါက်ရေးကို ရှေ့ရှုဆောင်ရွက် ပေးရန်၊

v တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ပြည်သူများအားကိုး ယုံကြည် ထိုက်သည့် မှန်ကန်၍ဘက်မလိုက်သော တရားစီရင်ရေးစနစ်ပေါ်ထွန်းရန်၊ သို့ပါ၍ တရားစီရင်ရေးဆိုင်ရာစနစ် ၊ လက်ရှိကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်း စသည်တို့ကို ပြန်လည်စိစစ်သုံးသပ်၍ ပြည်သူ့အကျိုးကို ကာကွယ်နိုင်သော တရားသူကြီးများ၊ တရားရေးဝန်ထမ်းများပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်တရားသူကြီးချုပ်ရုံးနှင့်   နိုင်ငံတော်ရှေ့နေချုပ်ရုံးများမှ သန့်ရှင်းမျှတလွတ်လပ်သော တရားစီရင်ရေးဆိုင်ရာ ညွှန်ကြားချက်များ  ချမှတ်ပေးရန်၊

v   ပြည်သူ့ အကျိုးကို အဓိကထားသည့် ဥပဒေရေးတွင် ကျွမ်းကျင်၍ ပြည်သူ့ရဲလုပ်ငန်း တာဝန် တို့ကို သိမြင်နှံ့စပ်သော လုံခြုံရေးပိုင်းဆိုင်ရာ ရဲဝန်ထမ်းများ ပေါ်ထွက်လာ စေရန်နှင့် ရဲလုပ်ငန်းဆိုင်ရာမြင့်မားသည့်တာဝန်များကို လုပ်သက်ရင့် ရဲလုပ်ငန်းတ ၀န်အဆင့်ဆင့်တွင်  ထမ်းရွက်လာခဲ့သော ရဲဝန်ထမ်းများထဲမှသာ ရွေးချယ်ခန့်အပ်ပေး ရန် တို့ ဖြစ်ပါသည်။


Friday, March 28, 2014

ndf 13 သတင်းထုတ်ပြန်ချက် ၁၃၊



-

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ချက်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  (  ၁၃- ၂၀၁၄)

ရက်စွဲ။ ၂၈-၃-၂၀၁၄

NDF ပါတီခေါင်းဆောင်များ ထန်းတပင်လယ်သမားများနှင့်တွေ့ဆုံ

         ၂၈-၃-၂၀၁၄ ရက်နေ့  နံနက် ၁၁း၀၀ နာရီက အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များနှင့် ထန်းတပင်မြို့နယ်ရှိ ပါတီဝင်လယ်သမားများနှင့် တွေ့ဆုံပွဲကို  ထန်းတပင်မြို့နယ်၊ အညာစုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထို့တွေ့ဆုံပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ စီအီးစီအဖွဲ့ဝင်များဖြစ်ကြသော ဦးသာဆိုင်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊ ဗဟိုဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ထန်းတပင်မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင် လယ်သမားများ  စုစုပေါင်း ၁၀၀ခန့်တက်ရောက်ခဲ့ကြသည်။

         တက်ရောက်လာသော ပါတီဝင်များနှင့် ပါတီခေါင်းဆောင်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် ထန်းတပင်ဥက္ကဌ ဦးမြမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ မှ NDF ပါတီ ဖြစ်ပေါ်လာခြင်းနှင့် လုပ်ဆောင်ချက်များ၊ ရှေ့မျှော်မှန်းချက်များအကြောင်း၊ ပါတီဒုခေါင်းဆောင် ဦးတိုးပိုက ပါတီ၏ရည်ရွယ်ချက်များနှင့် ထားရှိရမည့် သဘောထားအမြင်များကိုအကြောင်း၊ အတွင်းရေးမှူး(၁) ဦးကြည်သန်းက ပါတီ၏မူဝါဒများအကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇင်က လယ်ယာမြေကိစ္စ ဆောင်ရွက်မှုအခြေအနေများ၊ လွှတ်တော်တွင်း လယ်ယာကိစတင်ပြခဲ့မှုများနှင့် လယ်သမားဘက်မှ ဆောင်ရွက် သင့်သည့်ကိစ္စရပ်များအကြောင်း၊ ရန်ကုန်တိုင်းအမျိုးသမီးအဖွဲ့ အတွင်းရေးမှူး ဒေါ်လှလှမိုးမှ အမျိုးသမီးလုပ်ငန်း များနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများအကြောင်း၊ လယ်ယာမြေဥပဒေနှင့်ပတ်သက်သည့် သိထားသင့်သည် များကို ဦးကြီးမြင့်မှလည်းကောင်း  ရှင်းလင်းပြောကြားခဲ့သည်။        

         တက်ရောက်လာသည့် လယ်သမားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပါတီခေါင်းဆောင် များက ဖြေကြားခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် ၂း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

 

 

 

 

 

နိုင်ငံတော်သမ္မတနှင့်နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံမည်

         ၂၉-၃-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ရန်ကုန်မြို့၊ ပြည်သူု့လွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံကြမည် ဖြစ်သည်။ နိုင်ငံရေးပါတီများမှ တစ်ပါတီလျှင် သုံးဦး တက်ရောက်ရန် ဖိတ်ကြားထားပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင်ဦးတိုးပိုနှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့ တက်ရောက်ကြမည် ဖြစ်သည်။

         NDFပါတီအနေဖြင့် နိုင်ငံတော်သမ္မတအား ပါတီအခြေခံသဘောထားရပ်တည်ချက် ငါးချက်နှင့် နိုင်ငံရေး လိုအပ်ချက်များဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး၊ ဒီမိုကရေစီနှင့်လူ့အခွင် အရေး၊ တိုင်းရင်းသားများအရေးနှင့် မျက်မှောက်ကာလစိန်ခေါ်မှုများအရေးများကို  တင်ပြသွားမည်ဖြစ်ပြီး ထိုစာတမ်းကိုလည်း ပေးအပ်ရန်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

မြန်မာ့ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ပြုစုသည့် မြန်မာ့နိုင်ငံရေးပါတီများ၏ အချက်အလက်စုစည်းမှုစာအုပ်  ပေးအပ်ပွဲသို့ NDFမှ တက်ရောက်

         ၂၈-၃-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် မီကာဆာဟိုတယ်၌ ကျင်းပသည့် မြန်မာ့ဖွံ့ဖြိုးရေးမဏ္ဍိုင် အဖွဲ့မှ ပြုစုသည့်  မြန်မာ့နိုင်ငံရေးပါတီများ၏ အချက်အလက်စုစည်းမှုစာအုပ် ၂၀၁၀-၂၀၁၂  ပေးအပ်ပွဲသို့  နိုင်ငံရေးပါတီများ၊ အဲန်ဂျီအိုများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများသို့ ဖိတ်ကြားခဲ့ရာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတိုးတိုး တက်ရောက်ခဲ့သည်။

         ထိုအခမ်းအနားတွင် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဒေါ်မြသဲသစ္စာမှ စာအုပ်ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းနှင့် ဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံရေးပါတီများ၏ ပါတီမူဝါဒများအပေါ် အမြင်သုံးသပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ ပြီး ဆရာဦးဇေယျသူမှ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  နိုင်ငံရေးပါတီများအကြောင်းကို ဟောပြောခဲ့သည်။ တက်ရောက်လာ သူများက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြပြီး အခမ်းအနားကို ညနေ ၅း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

 


Fwd: NDF 12 သတင်းထုတ်ပြန်ချက်အမှတ် ( ၁၂ - ၂၀၁၄) လျှော်ကြေးပြန်ရ



--


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၁၂ -  ၂၀၁၄)

ရက်စွဲ။ ၂၃-၃-၂၀၁၄

 

ရဲနွယ်ချောင်းတူးမြောင်းစီမံကိန်း အသိမ်းခံလယ်မြေများ NDF ပါတီကြိုးပမ်းမှုဖြင့် လျှော်ကြေးများပြန်ရတော့မည်

         ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ရဲနွယ်ချောင်းတမံစီမံကိန်းတွင် တူးမြောင်းများဖောက်လုပ်ရန် အတွက်  ဆည်မြောင်းဦးစီးဌာနမှ လယ်သမား(၆၀)ဦးပိုင် လယ်ဧက  ၅၀၀ ကျော်ကို သိမ်းယူ၍ တူးမြောင်းများ ဖောက်လုပ်ခဲ့သည်။ ထိုသို့ သိမ်းယူဖောက်လုပ်ခြင်းအတွက် လယ်သမားများမှာ မည့်သည့်လျှော်ကြေး၊ နစ်နာ ကြေးကိုမှ မရရှိခဲ့သဖြင့် NDF ပဲခူးတိုင်းစည်းရုံးရေးကော်မတီနှင့်  NDF ဖြူးမြို့နယ် စည်းရုံးရေးကော်မတီသို့ ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံခဲ့ပါသည်။ ထိုသို့ အကူအညီတောင်းခံမှုကြောင့်  NDF ဗဟိုဦးစီး ကော်မတီဝင် ဦးအေးမြင့်(လမ်းပြကြယ်)ဦးဆောင်သော ပဲခူးတိုင်းစည်းရုံးရေးကော်မတီနှင့် ဖြူးမြို့နယ်NDF ဥက္ကဌ ဦးခင်ဇော်တို့၏ ဦးဆောင်ကြိုးပမ်းမှုဖြင့်  အဆိုပါသိမ်းဆည်ခံရသော လယ်မြေဧက ၅၀၀ ကျော်ကို  လျော်ကြေး ပြန်လည်ပေးအပ်တော့မည် ဖြစ်သည်။  ဆည်မြောင်းဦးစီးဌာန ၊ လျှော်ကြေးပေးရေးအဖွဲ့သည် ဖြူးမြို့နယ်သို့ ရောက်ရှိနေပြီး  အဆိုပါလယ်မြေများကို တစ်ဧကလျှင် ၁၂ သိန်းနှုန်းဖြင့် လျှော်ကြေးပေးမည် ဖြစ်ကြောင်း သိရှိရသည်။

         ထိုလျှော်ကြေးပေးပွဲကို လာမည့် ၂၇-၃-၂၀၁၄ ရက်နေ့တွင် ဖြူးမြို့နယ်၊ ဆီဆုံကုန်းကျေးရွာတွင် ပြုလုပ်မည်ဖြစ်ပြီး NDF ပါတီဌာနချုပ်ခေါင်းဆောင်များနှင့် ပဲခူးတိုင်းစည်းရုံးရေးကော်မတီတို့ သက်သေအဖြစ် တက်ရောက်ရန်ရှိကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

 

၁-၃-၂၀၁၄ ရက်နေ့တွင် NDF ပါတီခေါင်းဆောင်များနှင့်  တောင်သူလယ်သမားများ ဆီဆုံကုန်းကျေးရွာတွင် တွေ့ဆုံပွဲပြုလုပ်နေစဉ်

 


Saturday, March 15, 2014

Fwd: FDA ကြေညာချက်အမှတ် ၄/၂၀၁၄ FDA AND NCCT

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA

ကြေညာချက်အမှတ်  ၄/၂၀၁၄

         ရက်စွဲ။ ၂၀၁၄ခုနှစ်၊ မတ်လ (၁၃)ရက်

 

         ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(၁၁)ပါတီအဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကိုယ်စားလှယ်( NCCT) ခေါင်းဆောင်များနှင့် (၁၂-၃-၂၀၁၄)ရက်နေ့ နံနက် ၉း၃၀နာရီခွဲခန့် တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

         ထိုသို့ဆွေးနွေးရာတွင် NCCT အဖွဲ့အား ခေါင်းဆောင်လာသူ ဥက္ကဌ နိုင်ဟံသာနှင့် အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့မှ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကိစ္စများ၏ အလားအလာများကို ရှင်းလင်းပြောပြအပြီးတွင် FDA  မဟာမိတ်အဖွဲ့ဝင်များနှင့် အပြုသဘောဆွေးနွေးခဲ့ကြသည်။ အဆိုပါ နှစ်ဖက် အဖွဲ့များ၏ ဆွေးနွေးချက်များ၏ အနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်-

NCCT တိုင်းရင်းသားခေါင်းဆောင်များဖက်မှ

(က)        အပစ်အခတ်ရပ်စဲရေးအတွက် တစ်စုံတစ်ရာနားလည်မှု အပြီးသတ်သို့ မရောက်သေးသော် လည်း  မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရောက်နေပြီး ယခင်ကထက် ပိုမိုနားလည်မှု ရခဲ့ကြောင်း၊

(ခ)         အားလုံးလက်ခံနိုင်သော တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများလုပ်ရန် လျာထားခဲ့ကြောင်း၊ ထိုဆွေးနွေးပွဲများတွင် နိုင်ငံရေးပါတီများ ကပါ ပူးပေါင်းပါဝင်ကြဖို့ ရှိကြောင်း၊

(ဂ)         အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို တစ်နေ့တည်း၊ တစ်ချိန်တည်း ၊ တစ်နေရာတည်း တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ရေးထိုးရေးကို ရှေ့ရှုကြောင်း၊

(ဃ)        ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ  ပြည်တွင်းသို့ဝင်ရောက်လာသည့်အခါ legal Protection တရားဝင်အဖြစ် အာမခံချက်တစ်စုံ တစ်ရာ ရှိရန်လိုအပ်ကြောင်းနှင့်

(င)         တစ်ဖက်ကနိုင်၍ အခြားတစ်ဖက်က ရှုံးရမည့်ငြိမ်းချမ်းရေးမျိုး မဟုတ်ဘဲ ဂုဏ်သိက္ခာရှိသော ၊  တရားမျှတသော ငြိမ်းချမ်းရေးမျိုး ဖြစ်မြောက်ရေးကို ကြိုဆိုကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ဧပြီလ ပထမပတ်တွင် အပြီးညှိနှိုင်းရေးဆွဲကြမည်ဟု လျာထားကြောင်း ပါရှိသည်။

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ပါတီများဘက်မှလည်း  

(က)        မြန်မာ့နိုင်ငံရေးသည် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအရေး (နှစ်ပါးစုံဖြေရှင်းရမည့် အချိန် ရောက်ပြီဖြစ်ကြောင်း၊

(ခ)         ၂၀၁၅ ရွေးကောက်ပွဲသည် အခြေခံဥပဒေပြင်ရေးကို စောင့်နေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဒီမိုကရေစီအခြေခံတို့ပါဝင်သော အခြေခံဥပဒေပြင်ဆင်ရေး အတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲအပြီး မေလတွင် နိုင်ငံရေးဆွေးနွေးပွဲများ စနိုင်ရန် ကြိုးပမ်းကြစေရန်  တိုက်တွန်းပါကြောင်း ၊

 

-၂ -

 

(ဂ)         လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၏ ထူးခြားချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရအကြားတွင်သာ  မဟုတ်တော့ဘဲ လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ နှင့် အရပ်ဖက်အဖွဲ့အစည်းများသာမက ပြည်သူများပါ အားတက်သရော ပါဝင်နေကြောင်း ၊ သို့ပါ၍ နိုင်ငံရေးစေတနာနှင့် နိုင်ငံရေးယုံကြည်မှုတို့ တည်ဆောက်၍ မှန်ကန်သော နိုင်ငံရေး ဆုံးဖြတ်ချက်များဖြင့် ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားအတွက် ချမှတ်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပါကြောင်း စသည့် တိုက်တွန်းချက်တို့ ပါဝင်ပါသည်။

(ဃ)        NCCTနှင့် FDAတို့သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပြည်သူအားလုံး ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်ုလိုကြောင်း ဟူသည့် တူညီသောသဘာထားအမြင် ရှိကြကြောင်းကို မှတ်တမ်း အဖြစ် ထုတ်ပြန်ကြေညာအပ်ပါသည်။

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် ( FDA)


Fwd: NDF ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့် နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့်

နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်

         ရက်စွဲ။ ၁၃-၃-၂၀၁၄

 

         ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ကြေညာချက်အမှတ်  ၂/ ၂၀၁၄ ထုတ်ပြန်ပြီးနောက် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူးမှ ကျောက်ဖြူအထူးစီးပွား ရေးဇုန် လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်များကို NDF  ပါတီသို့ ရှင်းလင်းချက်များနှင့်တကွ ပေးပို့ခဲ့ပါသည်။

         သို့ပါ၍ အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့၏ အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် လုပ်ငန်းစီမံချက်များထဲမှ  ကျွန်ုပ်တို့      NDF ပါတီ၏ ကြေညာချက်ပါ တောင်းဆိုချက်များနှင့် ဆက်စပ်လျှက် ရှိသည့် လုပ်ငန်းဆိုင်ရာအချက်အလက်များကို  ပြည်သူအများ ရှင်းလင်းမြင်သာစွာ သိရှိနိုင်ရန် အကြံပေးအဖွဲ့၏ ရှင်းလင်းချက်ပါမူရင်း အချက်အလက်အချို့ကို ဖော်ပြလိုက်ပါသည်။

         ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ

၁။      ဒေသအတွင်း ကျွမ်းကျင်လုပ်သားထု တိုးပွားလာစေရေးအတွက်  Work Force Development Plan ရေးဆွဲကာ Skill Development Training နှင့် Capacity Building Traiing  များ စနစ်တကျ လုပ်ဆောင်ခြင်း၊

၂။      ဒေသခံများ၏ သဘောထားများနှင့် အကြံပြုချက်များ ပါဝင်သည့် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာစောင့် ကြည့်မည့် အစီအစဉ် Environmental Management Plan  ရေးဆွဲခြင်း၊

၃။      သဘာဝနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း  Environmental and Social Impacts Assessment ရေးဆွဲခြင်း၊

၎။      စီမံကိန်းကြောင့် အကျိုးသက်ရောက်မှုရှိနိုင်သည့် ဒေသခံပြည်သူများအတွက် နေရာချထားခြင်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီရင်ခံစာကို ကမ္ဘာ့ဘဏ်၏ Involuntary Resettlement Sourcebook ပါ လမ်း ညွှန်ချက်နှင့်အညီ ရေးဆွဲခြင်း၊

၅။      တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကံဘောက်ဒေသရှိ ရတနာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ဒေသခံ ပြည်သူများအတွက် လုပ်ဆောင်ပေးလျှက်ရှိသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအား သွားရောက်လေ့လာပြီး ယင်းစီမံကိန်းများ၏ အကောင်းဆုံးလုပ်ဆောင်ချက် Best Practices များအတိုင်း ကျောက်ဖြူဒေသရှိ အကောင်အထည်ဖော်ဆဲနှင့် အကောင်အထည်ဖော်မည့်စီမံကိန်းများ တွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

၆။      အရင်းအနှီးလိုအပ်သည့် ဒေသခံပြည်သူများ အသေးစားချေးငွေများ ရရှိရန်အတွက် သက်ဆိုင်ရာဝန် ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း စသည့်အချက်များကို ကျောက်ဖြူအထူး စီးပွားရေးဇုံတွင် လုပ်ငန်းစီမံချက်များအဖြစ် ချမှတ်ထားကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြည်သူသို့ နိုင်ငံရေးတာဝန်သိစွာ ထပ်ဆင့် ပြန်ကြားလိုက်ပါသည်။

 

 

                                                                     သတင်ထုတ်ပြန်ရေးအဖွဲ့

  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


Fwd: NCCT အဖွဲ့နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ် ၁၁/၂၀၁၄

ရက်စွဲ။ ၁၂-၂-၂၀၁၄

 

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ် အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းအဖွဲ့ NCCT အဖွဲ့နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး

ရန်ကုန်မြို့သို့ရောက်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ် အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းအဖွဲ့ NCCT အဖွဲ့နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကို မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တွင် ၁၂-၂-၂၀၁၄ ရက်နေ့ နံနက် ၉း၃၀ နာရီတွင်ကျင်းပပြုလုပ် ခဲ့သည်။

         ထိုဆွေးနွေးပွဲသို့ NCCT အဖွဲ့ခေါင်းဆောင်များဖြစ်ကြသော ဦးနိုင်ဟံသာ ၊ဆလိုင်းလျန်မှုန်းနှင့် ဦးခွန်ဥက္ကာ၊ FDA မဟာမိတ်အဖွဲ့ဝင်ပါတီများဖြစ်ကြသော ကရင်ဒီမိုကရက်တစ်ပါတီမှ ဦးစောထွန်းအောင်မြင့်၊ ချင်းတိုးတက် ရေးပါတီမှ ဦးရှန်ထွန်းနှင့်ဒေါ်ချယ်ရီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ  ဦးအောင်သန်းတင်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ  ဦးစိုးမောင်နှင့် ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်နှင့် ဦးအောင်ကြီး၊ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေ၊ ဦးတိုးပို၊ဦးကြည်သန်း တို့ တက်ရောက်ခဲ့ကြသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးမင်းဇော်ဦးနှင့် ဒေါက်တာဆလိုင်းမွန်ကျုံးလျှန်တို့က ယနေ့ထုတ် အဲလဗဲင်းသတင်းစာပါ MPC နှင့် ပတ်သက်၍ ဖော်ပြချက်များသည် မမှန်ကန်ပါကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီးနောက် ဆွေးနွေးပွဲကို စတင်ခဲ့သည်။

NCCT အဖွဲ့မှ ငြိမ်းချမ်းရေးအကောင်အထည်ဖော်နေမှုနှင့် အပစ်အခပ်ရပ်စဲရေးအတွက် လုပ်ဆောင်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏  တူညီသောသဘောထားထုတ်ပြန်နိုင်ရေး လိုင်ဇာဆွေးနွေးပွဲနှင့် လော်ခီးလာဆွေးနွေးပွဲများ ပြုလုပ်ရခြင်းများ၊  အစိုးရအဖွဲ့နှင့် ဆွေးနွေးနေမှုများ၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးအတွက် NCCT အဖွဲ့တွင် မပါဝင်သူများပါ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ သဘောထားတူညီချက်များ ရရှိနေပြီဆိုသည်ထက် မှန်ကန်သည့်လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဟု ပြောနိုင်ပြီဖြစ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးရရှိပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံ ရေးပါတီများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ FDA အတွင်းရေးမှူးအဖွဲ့ဝင် NDF ပါတီအတွင်းရေးမှူး(၁) ဦးကြည်သန်းက  အကျဉ်းချုပ်ပြောကြားပြီး FDA ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

         ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်၊ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးအောင်သန်းတင်၊ ချင်းတိုးတက်ရေးပါတီအတွင်းရေးမှူး ဦးရှန်ထွန်း၊  မြန်မာ့လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်ဇင် ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးစိုးမောင်နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေတို့ က ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုက ရေစီနိုင်ငံထူထောင်ရေးကိစ္စများနှင့်ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေး နွေးခဲ့သည်။

         ထို့နောက် တွေ့ဆုံပွဲကို နေ့လည် ၁၁း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

         သတင်းမီဒီယာများ၏ မေးမြန်းချက်များကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 


Fwd: NDF ပါတီကြေညာချက် ကျောက်ဖြူစက်မူဇုန်နှင့် မီးရထားလမ်းကိစ္စ



အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ကြေငြာချက်အမှတ်     ၂ /၂၀၁၄

 

                                                            ရက်စွဲ ။                 ၂၀၁၄ခုနှစ်၊ မတ်လ(၁၀)ရက်

 

ပြည်ထောင်စုမြန်မာနိုင်ငံ အနောက်ဘက် ဒေသဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း " ရွှေ" ကမ်းလွန် ဓါတ်ငွေ့တူးဖော်ထုတ်လုပ်နိုင်မှု၏အကျိုးဆက်အဖြစ် ၁၂၀ စတုရန်းကီလိုမီတာအကျယ်အ၀န်းရှိ ကျောက်ဖြူ အထူးစက်မှုဇုံကို ရမ်းဗြဲကျွန်းပေါ်တွင် တည်ဆောက်တော့မည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန်၊ အရှေ့အလယ်ပိုင်းနှင့်အာဖရိကဒေသမှ ရေနံတင်သဘောင်္ကြီးများ ဆိုက်ကပ်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုလည်း တည်ဆောက်နေပြီ ဖြစ်သည်။  တဆက်တည်းတွင် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်သို့ အဆိုပါ ရေနံနှင့် အခြားသော သံနှင့်သံမဏိပစ္စည်းများ သယ်ယူနိုင်ရန် ကီလိုမီတာ ၈၀၀ အရှည်ရှိ မီးရထားလမ်းကို မြန်မာ့မီးရထားနှင့် တရုတ်အစိုးရပိုင် CITIC အုပ်စုတို့ ၂၀၁၁ ဧပြီလက လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့သည့်အတိုင်း ယခုအခါ လုပ်ငန်းများ အစပြုနေပြီဖြစ်သည်။

 

         ကျောက်ဖြူစက်မှုဇုံတွင် ရေနံချက်စက်ရုံနှင့် ရေနံဓါတုစက်ရုံများ၊ သတ္တုသန့်စင်စက်ရုံများ၊ သင်္ဘောကျင်း များ၊ ရေထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် အထည်အလိပ်၊ ကားအပိုပစ္စည်းစက်ရုံများ စသည်တို့ ပါဝင်နေပါသည်။ စက်မှုဇုံနေရာအတွက် မြေသိမ်းယူမှုကြောင့် လူဦးရေုနှစ်သိန်း ရှိသည့် ကျောက်ဖြူမြို့နယ်တွင် လောလောဆယ် ရွာပေါင်း ၄၀ ကျော် ဖယ်ရှားခံနေရပြီး ထိုက်တန်သော လျော်ကြေးမရရှိသည့်အပြင် ပြန်လည် နေရာချထားပေးမှုများလည်းမရှိပါ။ ထို့အပြင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျခံ ဖောက်လုပ်မည့် ရထားလမ်း( နောင်အခါ ကားလမ်း အပါအ၀င်တို့ ) သည် အမ်း၊ မင်းဘူး၊ မကွေး၊ မန္တလေး၊ လားရှိုးနှင့် မူဆယ်မြို့နယ်များကို ဖြတ်သန်းတည်ရှိမည်ဖြစ်သည်။ ဤတွင် မရှောင်မလွှဲသာ မြေယာသိမ်းဆည်းမှုများ၊ လမ်းအူကြောင်းဖောက်ရန်အတွက် သစ်ခုတ်ခွင့်နှင့်ယင်းသစ်ခုတ်ခွင့်ကို အသုံးချ၍ စီးပွားဖြစ်အလွန်အကျွံ ထုတ်ယူလာနိုင်မှုများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုတို့ ဖြစ်လာနိုင်ပါသည်။

 

စက်မှုဇုံရှိ စက်ရုံများမှထွက်ရှိသော သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေမည့် အန္တရာယ်များမှာလည်း တွက်ဆ၍မရနိုင်ပါ။ ထိုင်းနိုင်ငံတွင် အလားတူ စက်မှုဇုံများ၏ဆိုးကျိုးများကြောင့် ပတ်ဝန်းကျင်လူထုအား ကင်ဆာရောဂါအပါအ၀င် ရောဂါဘယထူပြောသည့်ဒဏ် ခံနေရခြင်းကို သင်ခန်းစာယူ၍ ဤကြိုတင်ကာကွယ်ရေး အစီအမံများ ပြုလုပ်သင့်ပါသည်။ ၄င်းအပြင် သဘာဝအန္တရာယ်များ ဖြစ်ကြသော ဆိုင်ကလုန်းနှင့်ဆူနာမီဒဏ်တို့ ကို အကာအကွယ်ပြုနိုင်သည့် သဘာဝမျိုးအဏုဇီဝနှင့် ဇီဝမျိုးစိတ်တို့မှီခိုရာ မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး ဒီရေတောများ ပြုန်းတီးမှုကို အကာကွယ်ပေးနိုင်သည့် အနေအထားအစီအမံတို့သည်လည်း ပါရှိခြင်းရှိကြောင်း မတွေ့ရှိရပါ။  

 

 

 

 

 

 -၂ -

 

         အဆိုပါစက်မှုဇုံကုန်ထုတ်လုပ်ငန်းများ ၊ ရေနက်ဆိပ်ကမ်းနှင့် ရထားလမ်း ၊ကားလမ်းတို့ကို BOT စနစ်ဖြင့် ရာစုနှစ်ဝက်၊ အနှစ် (၅၀) တိုင်တိုင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားသက်သက်အောက်တွင်သာ တိုက်ရိုက် ရှိနေမည်ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသားအကျိုးစီးပွား ထိန်းသိမ်းစောင့်ရှောက်ရေး ရှုဒေါင့်မှကြည့်လျှင်လည်း၊ စီးပွားရေးအချုပ်အခြာအာဏာလုံခြုံမှုကို  ပွန်းပဲ့တိုက်စားခံရမည့် အလားအလာ ပေါ်လာနိုင်စရာ ရှိနေပါသည်။ ဤသို့သော အနေအထားတွင် ဒေသခံပြည်သူတို့၏ လူနေမှုဘ၀များ နစ်နာမှုများ၊ အလုပ်အကိုင်အခွင့်အလမ်း စသည်တို့ ဆုံးရှုံးရမှုများ  မြန်မာနိုင်ငံ၏သဘာဝပတ်ဝန်းကျင်အား ရေရှည်ထိခိုက်ပျက်စီးနိုင်မှုများ၊ ရထားလမ်း/ကားလမ်း ၊ စက်မှုဇုံနှင့် ရေနက်ဆိပ်ကမ်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်စေနိုင်မည့် ကုန်ထုတ်စီးပွားဖြစ်စဉ်နှင့် မဆက်စပ်ဘဲ သီးခြားလွတ်ကင်းစွာ ရပ်တည်ဆောင်ရွက်နေမည့် အခြေအနေများသည် နှစ်နိုင်ငံဆက်ဆံရေးတွင် မမျှမတရာရောက်လာနိုင်မည့်အရေးကို ကျွန်ုပ်တို့  အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီမှ စိုးရိမ်မကင်းဖြစ်မိပါသည်။

သို့ပါ၍ -

(က)   CITIC ကုမ္ပဏီလုပ်ငန်းစုနှင့်မြန်မာအာဏာပိုင်တို့မှ အဆိုပါ စက်မှုဇုံ၊ ရေနက်ဆိပ်ကမ်းနှင့် ရထားလမ်း၊ကားလမ်း စီမံချက်များကို ပြည်သူသို့ ပွင့်လင်းမြင်သာစွာ ချပြပေးရန်။

(ခ)     စီမံကိန်းအတွက် ပြောင်းရွှေ့ခံပြည်သူများအား ယင်းတို့၏ သဘောဆန္ဒအရ ညှိုနှိုင်းပြေ လည်စေရန်နှင့် အတင်းအကြပ် ပြောင်းရွှေ့ခြင်းမပြုရန်။

(ဂ)     သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စများကို စောင့်ရှောက်အကာ အကွယ်ပေးရန်နှင့် လူမှုရေးအဖွဲ့အစည်းများ၏ စောင့်ကြည့်လေ့လာရေးအစီအမံများ ပါဝင် စေရန်။

(ဃ)   ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးဘ၀များ မဆုံးရှုံးစေရန်အတွက် စက်မှုဇုံအတွင်း    အလုပ်အကိုင် အခွင့်အလမ်းများ ဖြန့်ကျက်ချထားရေး အစီအမံများ ဖြည့်ဆည်းပေးရန် ။

စသည်တို့ကို နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှ အဆောတလျင် ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ပါသည်။  

 

 

                 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

                                                             အမျိုးသားဒီမိုကရေစီအင်အားစု


Fwd: ndf သတင်းထုတ်ပြန်ချက်အမှတ် (၁၁-၂၀၁၄)






အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၁၁-၂၀၁၄)

ရက်စွဲ၊  ၁-၃-၂၀၁၄

 

NDF ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ရပ်ကျေးရုံးဖွင့်လှစ်

                 ၁-၃-၂၀၁၄ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ နေပြည်တော် အမြန်လမ်း မိုင်တိုင် ၈၀ အနီးရှိ ဆီဆုံကုန်းကျေးရွာတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရပ်ကျေးရုံးဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။ ထို့ဖွင့်ပွဲသို့ NDF ပါတီ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေး မှူး ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်၊ ပြန်ကြားရေးမှူးဦးတိုးတိုးနှင့် ဌာနချုပ်လူငယ်များဖြစ်ကြသော ကိုကျော်သူရ၊ ကိုထွန်းထွန်းဝင်း၊ ပဲခူးတိုင်းဒုဥက္ကဌ ဦးမြတ်မိုးနှင့် ပဲခူးတိုင်းစည်း ရုံးရေးကော်မတီဝင်များ ဖြစ်ကြသော လမ်းပြကြယ်ဦးအေးမြင့်၊ ဦးခင်ဇော်၊ ဦးမြင့်သိန်းနှင့် ကျောက်တံခါးမြို့နယ် စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၁၅၀ ကျော် တက်ရောက်ခဲ့သည်။

         ဆိုင်းဘုတ်တင်ပြီးနောက် လယ်သမားများနှင့်တွေ့ဆုံပွဲတွင် လမ်းပြကြယ်ဦးအေးမြင့်မှ လယ်ယာကိစ္စနှင့် ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နေပုံများ၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦးက ဒီမိုကရေစီရေး ဆောင်ရွက်မှုများနှင့် NDF ပါတီပေါ်ပေါက်လာရခြင်း၏ အဓိကအကြောင်းရင်းများ၊  ပါတီအတွင်းရေးမှူး(၁) ဦးကြည်သန်းက NDF ပါတီ၏ မူဝါဒများနှင့် လယ်သမားအရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းလွှတ် တော်ကိုယ်စားလှယ်ဦးသက်ထွန်းမောင်က လွှတ်တော်တွင်းနှင့် အစိုးရအဖွဲ့တို့အား  အရေးဆိုတင်ပြလုပ်ဆောင် ခဲ့မှုများနှင့် ရလာဒ်များအကြောင်းများကို ရှင်းပြခဲ့သည်။

         တောင်သူလယ်သမားများက ရဲနွယ်ချောင်းတာမံ တည်ဆောက်မှုကြောင့် မြေယာများရေနှစ်မြုတ်ခြင်းနှင့် မိသားစုဘ၀ပျက်စီးရခြင်းများကို ကူညီဆောင်ရွက်ပေးပါရန် တင်ပြချက်များကို တာဝန်ရှိသူများဖြစ်ကြသော လမ်းပြကြယ်ဦးအေးမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်၊ ပဲခူးတိုင်းအတွင်းရေးမှူး ဦးခင်ဇော်တို့ က ဆောင်ရွက်ရမည့်အခြေအနေများနှင့် ဆောင်ရွက်ထားမှုများ၊ ပြီးစီးမှုအနေအထာားများ၊ လျှော်ကြေးငွေရနိုင်မည့်အနေအထားများနှင့် သိမ်းဆည်းမြေယာအချို့ကို မူလိပိုင်ရှင်များလက်သို့ ပြန်လည်ပေးအပ်ရန် အစိုးရ၏ထုတ်ပြန်ကြေညာချက်ကြောင့် အထောက်အထားခိုင်ခိုင်လုံလုံဖြင့် သက်ဆိုင်ရာမြို့နယ်မြေယာကော်မတီများသို့တင်ပြကြရန်နှင့် လိုအပ်သည်များကို ပါတီသို့အကူအညီ တောင်းခံပြီးလုပ်ဆောင်ကြရန်  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

         ထို့နောက် ပဲခူးတိုင်းတာဝန်ခံ ပါတီအတွင်းရေးမှူး(၂) ဦးနေမင်းကျော်က နိဂုံးချုပ်အမှာစကားပြောကြား ကာ အခမ်းအနားကို နေ့လည် ၁၂း၀၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


Fwd: NDF FDA သတင်းထုတ်ပြန်ချက်အမှတ် ( ၁၀/ ၂၀၁၄)






အမျိုးသားဒီမိုကရေစီအင်အားစု

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၁၀/ ၂၀၁၄)

ရက်စွဲ။  ၂၇-၂-၂၀၁၄

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDAနှင့် နယ်သာလန်အခြေစိုက် NIPD တွေ့ဆုံ

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် -FDA အဖွဲ့နှင့် နယ်သာလန်အခြေစိုက် NIPD (Netherlands Institute of Multiparty Democracy) တို့သည် ၂၇-၂-၂၀၁၄ ရက်နေ့ နေ့လည် ၂း၀၀ နာရီတွင် ရန်ကုန်မြို့၊ အင်းလျား လမ်းရှိ  Happy noddles Cafe တွင် တွေ့ဆုံခဲ့ကြသည်။

         ထိုတွေ့ဆုံပွဲသို့  ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် -FDA အဖွဲ့ဝင်ပါတီများ ဖြစ်ကြသော ချင်းတိုးတက်ရေး ပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(ြ့မန်မာ)၊ မြန်မာ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့မှာ ပါတီခေါင်းဆောင်များ နှင့် NIPD မှ ဌာနေကိုယ်စားလှယ် မစ္စ စူဇန်ကဲန်ဘယ်လ်နှင့် ဒေါ်ခင်သဇင်ညွှန့်တို့ တက်ရောက်ခဲ့ကြသည်။

         နိုင်ငံရေးပါတီများမှ လူငယ်အင်အားစုများ၏ အခန်းကဏ္ဍ၊  ပါဝင်ပုံနှင့် နေရာပေးထားမှုများ၊ လူငယ်များ အား သင်တန်းပေးမှုများ၊ လူငယ်ခေါင်းဆောင်များမွေးထုတ်ပေးနေမှုများ၊ မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးနှင့်ပတ်သက်၍ လူငယ်နှင့်အမျိုးသမီးများ မျိုးဆက်ပြတ်နေခြင်းနှင့် ခါးပြတ်နေခဲ့ခြင်းကို ကုစား ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ချင်းတိုးတက်ရေးပါတီမှ ဦးစောမြ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီမှ ဦးအောင်သန်းတင့်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီမှ ဦးသုဝေ၊ မြန်မ့ာလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်နှင့် ဦးအောင်လွင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေနှင့် လူငယ်ခေါင်းဆောင် ကိုကျော်သူရတို့က ဆွေးနွေး တင်ပြခဲ့ကြသည်။

         ထိုဆွေးနွေးချက်များကို မစ္စစူဇန်ကဲန်ဘယ်လ်က သိလိုသည်များကို ပြန်လည်မေးမြန်းပြီး NIPD မှ ကူည ဆောင်ရွက်ပေးနိုင်မည့် အခြေအနေနှင့် လုပ်ငန်းစဉ်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ပြီး တွေ့ဆုံပွဲကို ညနေ ၄း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


Fwd: NDF သတင်းထုတ်ပြန်ချက် အမှတ် (၉-၂၀၁၄)





အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ် (၉-၂၀၁၄)

ရက်စွဲ။ ၂၆-၂-၂၀၁၄

 

NDF ပါတီ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်ရုံးဖွင့်ပွဲ ကျင်းပ

         ၂၁-၂-၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာ၊ ဦးတင်ထွန်းအောင်နေအိမ်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ စဥ့်ကိုင်မြို့နယ်စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

         ထိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ  ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်ကြသော  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးအောင်ဇင်၊ ဦးခင်မောင်သန်းဦးဆောင်သော မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ၊ စဥ့်ကိုင်မြို့နယ် ပါတီဝင်များ စုစုပေါင်း လူဦးရေ ၁၀၀ကျော် တက်ရောက်ခဲ့သည်။

         အခမ်းအနားတွင် သဘာပတိအဖြစ် ပါတီဒုခေါင်းဆောင် ဦးတိုးပိုက အမှစကားပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က လယ်ယာမြေကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော်တွင်း ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားခဲ့သည်။

         ထို့နောက် စဥ့်ကိုင်မြို့နယ်အတွင်းရှိ NDF ရပ်ကျေးဆိုင်းဘုတ်တင်မည့် ကျေးရွာ ၁၀ ရွာကို ပါတီဆိုင်း ဘုတ်နှင့် ပါတီအလံ ပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ပြီး ပါတီခေါင်းဆောင်များက ကျေးရွာစည်းရုံးရေးဥက္ကဌများ ကို ပါတီအလံနှင့်ဆိုင်းဘုတ်များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

         ညနေပိုင်းတွင် မန္တလေးတိုင်းစည်းရုံးရေးကော်မတီရုံးတွင် မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းများနှင့်တိုင်းလူငယ်အဖွဲ့ဝင်များနှင့် ဗဟိုဌာနချုပ်ခေါင်းဆောင်များ တွေ့ဆုံပွဲ ကျင်းပခဲ့ပြီး မန္တလေးတိုင်း အတွင်းရှိ ပါတီစည်းရုံးရေးအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

နယ်သာလန်အခြေစိုက် MMDP နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA  တွေ့ဆုံမည်

         နယ်သာလန်အခြေစိုက် Myanmar Multiparty Democracy Programme. MMDP မှ ဌာနကိုယ်စားလှယ်နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ပါတီကိုယ်စားလှယ်များ တွေ့ဆုံပွဲကို လာမည့် ၂၇-၂-၂၀၁၄ ရက်နေ့ နေ့လည် ၂း၀၀နာရီတွင် အင်းလျားလမ်းရှိ Happy Noddle Restaurant တွင် ကျင်းပပြုလုပ် မည် ဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် ပါတီများကို ဖိတ်ကြားထားပြီးဖြစ်ပြီး NDF ပါတီမှ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်အဖွဲ့ တက်ရောက်ရန် ရှိကြောင်း သိရှိရသည်။

 

 

NDFပါတီ ပဲခူးမြို့နယ် နန်းတော်ရာရပ်ကွက် ရုံးဖွင့်ပွဲပြုလုပ်

၂၃-၂-၂၀၁၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက် NDF ပါတီ ဆိုင်းဘုတ်တင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းစည်း၊ ဗဟိုဦးစီးကော်မတီဝင် လမ်းပြကြယ်ဦးအေးမြင့်က အမှာစကားပြော ကြား၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

NDF ပါတီ ကျောက်တံခါးမြို့နယ် ရပ်ကျေးဆိုင်းဘုတ်တင်ပွဲပြုလုပ်မည်

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ဆီဆုံကုန်းကျေးရွာတွင် အမျိုးသားဒီမိုကရေစီအင် အားစုပါတီ ndf ၏ ရပ်ကျေး ရုံး ဖွင့်ပွဲ ကို ၁ .၃.၂၀၁၄ ရက်နေ့ တွင် ကျင်းပမည် ဖြစ်သည်။ ရန် ကုန် မန္တလေး အမြန် လမ်းမကြီးဘေး မိုင်တိုင် အမှတ် ၈၀ မိုင်တွင် ဖွင့်လှစ်မည် ဖြစ်သည်။ NDF ပါတီအနေုဖြင့် အမြန်လမ်းတစ်လျှောက်တွင် မိုင်တိုင် ၇၅ မိုင်နှင့် မိုင်တိုင် ၉၄ တွင် ပါတီရပ်ကျေးရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ဗဟိုဌာနချုပ်မှ ဒုဥက္ကဌ ဦးစိန်လှဦးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ပြန်ကြားရေးအဖွဲ့များ တက်ရောက် ရန်ရှိပါသည်။

 


Fwd: ndfသတင်းထုတ်ပြန်ချက်အမှတ် ၈-၂၀၁၄






အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ချက်အမှတ် ၈-၂၀၁၄

ရက်စွဲ။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  တတိယအကြိမ်စုံညီအစည်းအဝေးကျင်းပပြုလုပ်

         ၁၆-၂-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရုံးတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  အဖွဲ့ဝင်ပါတီများ၏ တတိယအကြိမ်စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

         ထိုအစည်းအဝေးသို့ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုက ရေစီအင်အားစုပါတီတို့မှ ပါတီခေါင်းဆောင်များ နှင့် လေ့လာသူအဖြစ် အမျိုးသားတိုးတက်မြင့်မားရေးပါတီမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။

         အစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး(၁) ဦးကြည်သန်းက ဆောင်ရွက်ခဲ့ပြီး  NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အဖွင့်နှုတ်ဆက်စကားပြောကြားရာတွင်

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA   ဖွဲ့စည်းဖြစ်ပေါ်လာပုံနှင့်  နောက်ထပ် အဖွဲ့ဝင်ပါတီအဖြစ် စိတ်ဝင်းစား ကြသည့် ပါတီများနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး  လေ့လာသူအဖြစ် တက်ရောက် လာသော အမျိုးသားဖွံ့ဖြိုးမြင့်မားရေးပါတီခေါင်းဆောင်များအား ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  အဖွဲ့ဝင် ပါတီခေါင်းဆောင်များနှင့် တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။

         အခမ်းအနားမှူး ဦးကြည်သန်းမှ ၁၅-၂-၂၀၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် - FDA  သဘာပတိအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် အတည်ပြုခဲ့သည်  FDA သဘာပတိအဖွဲ့နှင့်အတွင်းရေးမှူးအဖွဲ့ လုပ်ထုံးလုပ်နည်းများ၊ ရွေးချယ်ပုံများနှင့် အစည်းအဝေးကျင်းပမည့် အချိန်ကာလများ၊ ဖွဲ့စည်းရမည့် လုပ်ငန်းကော်မတီများဖွဲ့စည်းရန်ကိစ္စများနှင့် စပ်လျဉ်း၍ တင်ပြခဲ့သည်။

         ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  ၏ ပြည်ထောင်စုနေ့တွင် တင်သွင်းခဲ့သည့် အဆိုသုံး ရပ်နှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်သင့်သည်များကို  တင်ပြပြိး သဘောထားရယူခဲ့သည်။   ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် - FDA  အဖွဲ့ဝင်ဖြစ်သော ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေပါတီမှ ဦးသက်ဦး၊ ဒီမိုကရေစီနှင့်ငြိမ်း ချမ်းရေးပါတီမှ ဦးစိုးမောင်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေ၊  မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေတို့က မိမိတို့သဘောထားများကို အသီးသီးတင်ပြကြပြီး  ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် - FDA  အဖွဲ့၏ ကြေညာချက် အမှတ် ၃/၂၀၁၄ ကို ထုတ်ပြန်ရန် ဆွေးနွေးသဘောတူခဲ့သည်။

         ထိုထုတ်ပြန်ချက်တွင် အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြုပြင်ရေး၊ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များ ပါဝင်မှုကို တဖြည်းဖြည့်လျော့ချပေးရေး၊ ဖမ်းဆီးခံလယ်သမားများကို ပြန်လွတ်ပေးရေး၊ ကျူးကျော်သူများအဖြစ် သတ်မှတ်၍ အင်အားသုံးဖယ်ရှားနေမှုကို ဖြေရှင်းပေးရေး၊ မြန်မာ့တပ်မတော်နှင့် ကေ အိုင်အေ တိုက်ပွဲဖြစ်ပွားနေမှုကို အမြန်ဆုံးရပ်ဆိုင်းပေးရန်တို့ ပါဝင်ကြောင်း သိရှိရသည်။

         အစည်းအဝေးကို ညနေ ၃း၃၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်း ချက်များကို ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ဦးစိုးမောင်၊ ဦးမျိုးညွန်နှင့် ဦးကြည်သန်းတို့က ဖြေကြားခဲ့ကြောင် သတင်း ထုတ်ပြန်အပ်ပါသည်။


ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA

ကြေညာချက်အမှတ် - ၃/၂၀၁၄

ရက်စွဲ။ ၂၀၁၄ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၆)ရက်

 

         မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တကြသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြိး တည်ဆောက် ရေးနှင့် ပီပြင်သောဈေးကွက်စီးပွားရေးစနစ်တို့ အကောင်အထည်ဖော်ရေးတွင် အမျိုးသားအကျိုးစီးပွား ခိုင်မာ တိုးတက်နိုင်စေရန်အတွက် လက်ငင်းနိုင်ငံရေးစံ လိုအပ်ချက်များကို ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA အဖွဲ့ဝင်ပါတီများသည် လွတ်လပ်တူညီသော သဘောဆန္ဒများဖြင့်  အောက်ပါအတိုင်း တောင်းဆိုလိုက် သည်။

         တောင်းဆိုချက်များမှာ-

(က)   ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးပေါ်ထွန်းလာရေးအတွက်  သင့်တင့်သည့် အချိန် ကာလအတွင်း သင့်လျော်သည့်အ တိုင်းအတာဖြင့် ပုံသဏ္ဍန်နှင့် အနှစ်သာရ အရပါ ပီပြင်သော ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေး၊  ဒီမိုကရေစီလက္ခဏာအရ အမျိုးသားတန်းတူညီမျှရေး တို့ကို ရရှိနိုင်စေရန်  အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတို့နှင့် အညီ ပြင်ဆင်ပေးရန်၊`

(ခ)     အချုပ်အခြာအာဏာ(၃)ရပ်ကို ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများအားလုံး  အပြည့်အ၀ လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့် ရရှိလာစေရန် ၊၂၀၁၅ ရွေးကောက်ပွဲဖြင့် ပေါ်ပေါက် လာမည့် လွှတ်တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်မှုကို  သင့်တင့်  သည့်အချိန်ကာလအတွင်း သင့်လျှော်သည့်အတိုင်းအတာဖြင့် လျှော့ချသွားရန်၊

 (ဂ)    နိုင်ငံအ၀ှမ်း လယ်ယာမြေသိမ်းဆည်းခံရ၍ လယ်မဲ့ယာမဲ့တောင်သူလယ်သမားများ၏ နစ်နာမှု များကို ဖော်ထုတ်ဆန္ဒပြခဲ့ခြင်းကြောင့် ဖမ်းဆီးခံထားရသူများကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန်၊

(ဃ)   အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်ရာမဲ့ အခြေခံလူတန်းစားပြည်သူများကို ကျူးကျော်သူများ အဖြစ် လူအုပ်စုအင်အားဖြင့် အကြမ်းဖက်ဖယ်ရှားနေခြင်းများကို  နိုင်ငံတော်အဆင့်မှ ပြန်လည် နေရာချထားရေးအစီအစဉ်များအပါအ၀င်ဖြင့် အမြန်ဆုံးထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေး ရန်။

(င)     ပြည်သူအများ ကာလကြာရှည်စွာ မျှော်မှန်းစောင့်စားနေသည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး လမ်းမကြီးပေါ်တွင် ပဋိပက္ခများ ချုပ်ငြိမ်း၍ ယုံကြည်မှုတည်ဆောက်ရေးသည် ငြိမ်းချမ်းရေးခရီး တွင်စေအံ့သောငှါ ယခုအခါ  မြန်မာတပ်မတော် တပ်ဖွဲ့အချို့နှင့် ကေအိုင်အေတပ်ဖွဲ့အချို့တို့  အကြား ပစ်ခတ်တိုက်ခိုက်နေမှုမှန်သမျှကို အဆောတလျင် ရပ်စဲပေးရန်။

 

                                                                                            ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်-FDA