Friday, March 28, 2014

Fwd: NDF 12 သတင်းထုတ်ပြန်ချက်အမှတ် ( ၁၂ - ၂၀၁၄) လျှော်ကြေးပြန်ရ



--


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၁၂ -  ၂၀၁၄)

ရက်စွဲ။ ၂၃-၃-၂၀၁၄

 

ရဲနွယ်ချောင်းတူးမြောင်းစီမံကိန်း အသိမ်းခံလယ်မြေများ NDF ပါတီကြိုးပမ်းမှုဖြင့် လျှော်ကြေးများပြန်ရတော့မည်

         ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ရဲနွယ်ချောင်းတမံစီမံကိန်းတွင် တူးမြောင်းများဖောက်လုပ်ရန် အတွက်  ဆည်မြောင်းဦးစီးဌာနမှ လယ်သမား(၆၀)ဦးပိုင် လယ်ဧက  ၅၀၀ ကျော်ကို သိမ်းယူ၍ တူးမြောင်းများ ဖောက်လုပ်ခဲ့သည်။ ထိုသို့ သိမ်းယူဖောက်လုပ်ခြင်းအတွက် လယ်သမားများမှာ မည့်သည့်လျှော်ကြေး၊ နစ်နာ ကြေးကိုမှ မရရှိခဲ့သဖြင့် NDF ပဲခူးတိုင်းစည်းရုံးရေးကော်မတီနှင့်  NDF ဖြူးမြို့နယ် စည်းရုံးရေးကော်မတီသို့ ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံခဲ့ပါသည်။ ထိုသို့ အကူအညီတောင်းခံမှုကြောင့်  NDF ဗဟိုဦးစီး ကော်မတီဝင် ဦးအေးမြင့်(လမ်းပြကြယ်)ဦးဆောင်သော ပဲခူးတိုင်းစည်းရုံးရေးကော်မတီနှင့် ဖြူးမြို့နယ်NDF ဥက္ကဌ ဦးခင်ဇော်တို့၏ ဦးဆောင်ကြိုးပမ်းမှုဖြင့်  အဆိုပါသိမ်းဆည်ခံရသော လယ်မြေဧက ၅၀၀ ကျော်ကို  လျော်ကြေး ပြန်လည်ပေးအပ်တော့မည် ဖြစ်သည်။  ဆည်မြောင်းဦးစီးဌာန ၊ လျှော်ကြေးပေးရေးအဖွဲ့သည် ဖြူးမြို့နယ်သို့ ရောက်ရှိနေပြီး  အဆိုပါလယ်မြေများကို တစ်ဧကလျှင် ၁၂ သိန်းနှုန်းဖြင့် လျှော်ကြေးပေးမည် ဖြစ်ကြောင်း သိရှိရသည်။

         ထိုလျှော်ကြေးပေးပွဲကို လာမည့် ၂၇-၃-၂၀၁၄ ရက်နေ့တွင် ဖြူးမြို့နယ်၊ ဆီဆုံကုန်းကျေးရွာတွင် ပြုလုပ်မည်ဖြစ်ပြီး NDF ပါတီဌာနချုပ်ခေါင်းဆောင်များနှင့် ပဲခူးတိုင်းစည်းရုံးရေးကော်မတီတို့ သက်သေအဖြစ် တက်ရောက်ရန်ရှိကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

 

၁-၃-၂၀၁၄ ရက်နေ့တွင် NDF ပါတီခေါင်းဆောင်များနှင့်  တောင်သူလယ်သမားများ ဆီဆုံကုန်းကျေးရွာတွင် တွေ့ဆုံပွဲပြုလုပ်နေစဉ်

 


No comments:

Post a Comment