Saturday, March 15, 2014

Fwd: NDF FDA သတင်းထုတ်ပြန်ချက်အမှတ် ( ၁၀/ ၂၀၁၄)






အမျိုးသားဒီမိုကရေစီအင်အားစု

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၁၀/ ၂၀၁၄)

ရက်စွဲ။  ၂၇-၂-၂၀၁၄

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDAနှင့် နယ်သာလန်အခြေစိုက် NIPD တွေ့ဆုံ

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် -FDA အဖွဲ့နှင့် နယ်သာလန်အခြေစိုက် NIPD (Netherlands Institute of Multiparty Democracy) တို့သည် ၂၇-၂-၂၀၁၄ ရက်နေ့ နေ့လည် ၂း၀၀ နာရီတွင် ရန်ကုန်မြို့၊ အင်းလျား လမ်းရှိ  Happy noddles Cafe တွင် တွေ့ဆုံခဲ့ကြသည်။

         ထိုတွေ့ဆုံပွဲသို့  ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် -FDA အဖွဲ့ဝင်ပါတီများ ဖြစ်ကြသော ချင်းတိုးတက်ရေး ပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(ြ့မန်မာ)၊ မြန်မာ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့မှာ ပါတီခေါင်းဆောင်များ နှင့် NIPD မှ ဌာနေကိုယ်စားလှယ် မစ္စ စူဇန်ကဲန်ဘယ်လ်နှင့် ဒေါ်ခင်သဇင်ညွှန့်တို့ တက်ရောက်ခဲ့ကြသည်။

         နိုင်ငံရေးပါတီများမှ လူငယ်အင်အားစုများ၏ အခန်းကဏ္ဍ၊  ပါဝင်ပုံနှင့် နေရာပေးထားမှုများ၊ လူငယ်များ အား သင်တန်းပေးမှုများ၊ လူငယ်ခေါင်းဆောင်များမွေးထုတ်ပေးနေမှုများ၊ မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးနှင့်ပတ်သက်၍ လူငယ်နှင့်အမျိုးသမီးများ မျိုးဆက်ပြတ်နေခြင်းနှင့် ခါးပြတ်နေခဲ့ခြင်းကို ကုစား ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ချင်းတိုးတက်ရေးပါတီမှ ဦးစောမြ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီမှ ဦးအောင်သန်းတင့်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီမှ ဦးသုဝေ၊ မြန်မ့ာလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်နှင့် ဦးအောင်လွင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေနှင့် လူငယ်ခေါင်းဆောင် ကိုကျော်သူရတို့က ဆွေးနွေး တင်ပြခဲ့ကြသည်။

         ထိုဆွေးနွေးချက်များကို မစ္စစူဇန်ကဲန်ဘယ်လ်က သိလိုသည်များကို ပြန်လည်မေးမြန်းပြီး NIPD မှ ကူည ဆောင်ရွက်ပေးနိုင်မည့် အခြေအနေနှင့် လုပ်ငန်းစဉ်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ပြီး တွေ့ဆုံပွဲကို ညနေ ၄း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


No comments:

Post a Comment