Saturday, March 15, 2014

Fwd: FDA ကြေညာချက်အမှတ် ၄/၂၀၁၄ FDA AND NCCT

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA

ကြေညာချက်အမှတ်  ၄/၂၀၁၄

         ရက်စွဲ။ ၂၀၁၄ခုနှစ်၊ မတ်လ (၁၃)ရက်

 

         ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(၁၁)ပါတီအဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကိုယ်စားလှယ်( NCCT) ခေါင်းဆောင်များနှင့် (၁၂-၃-၂၀၁၄)ရက်နေ့ နံနက် ၉း၃၀နာရီခွဲခန့် တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

         ထိုသို့ဆွေးနွေးရာတွင် NCCT အဖွဲ့အား ခေါင်းဆောင်လာသူ ဥက္ကဌ နိုင်ဟံသာနှင့် အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့မှ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကိစ္စများ၏ အလားအလာများကို ရှင်းလင်းပြောပြအပြီးတွင် FDA  မဟာမိတ်အဖွဲ့ဝင်များနှင့် အပြုသဘောဆွေးနွေးခဲ့ကြသည်။ အဆိုပါ နှစ်ဖက် အဖွဲ့များ၏ ဆွေးနွေးချက်များ၏ အနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်-

NCCT တိုင်းရင်းသားခေါင်းဆောင်များဖက်မှ

(က)        အပစ်အခတ်ရပ်စဲရေးအတွက် တစ်စုံတစ်ရာနားလည်မှု အပြီးသတ်သို့ မရောက်သေးသော် လည်း  မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရောက်နေပြီး ယခင်ကထက် ပိုမိုနားလည်မှု ရခဲ့ကြောင်း၊

(ခ)         အားလုံးလက်ခံနိုင်သော တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများလုပ်ရန် လျာထားခဲ့ကြောင်း၊ ထိုဆွေးနွေးပွဲများတွင် နိုင်ငံရေးပါတီများ ကပါ ပူးပေါင်းပါဝင်ကြဖို့ ရှိကြောင်း၊

(ဂ)         အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို တစ်နေ့တည်း၊ တစ်ချိန်တည်း ၊ တစ်နေရာတည်း တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ရေးထိုးရေးကို ရှေ့ရှုကြောင်း၊

(ဃ)        ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ  ပြည်တွင်းသို့ဝင်ရောက်လာသည့်အခါ legal Protection တရားဝင်အဖြစ် အာမခံချက်တစ်စုံ တစ်ရာ ရှိရန်လိုအပ်ကြောင်းနှင့်

(င)         တစ်ဖက်ကနိုင်၍ အခြားတစ်ဖက်က ရှုံးရမည့်ငြိမ်းချမ်းရေးမျိုး မဟုတ်ဘဲ ဂုဏ်သိက္ခာရှိသော ၊  တရားမျှတသော ငြိမ်းချမ်းရေးမျိုး ဖြစ်မြောက်ရေးကို ကြိုဆိုကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ဧပြီလ ပထမပတ်တွင် အပြီးညှိနှိုင်းရေးဆွဲကြမည်ဟု လျာထားကြောင်း ပါရှိသည်။

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ပါတီများဘက်မှလည်း  

(က)        မြန်မာ့နိုင်ငံရေးသည် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအရေး (နှစ်ပါးစုံဖြေရှင်းရမည့် အချိန် ရောက်ပြီဖြစ်ကြောင်း၊

(ခ)         ၂၀၁၅ ရွေးကောက်ပွဲသည် အခြေခံဥပဒေပြင်ရေးကို စောင့်နေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဒီမိုကရေစီအခြေခံတို့ပါဝင်သော အခြေခံဥပဒေပြင်ဆင်ရေး အတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲအပြီး မေလတွင် နိုင်ငံရေးဆွေးနွေးပွဲများ စနိုင်ရန် ကြိုးပမ်းကြစေရန်  တိုက်တွန်းပါကြောင်း ၊

 

-၂ -

 

(ဂ)         လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၏ ထူးခြားချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရအကြားတွင်သာ  မဟုတ်တော့ဘဲ လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ နှင့် အရပ်ဖက်အဖွဲ့အစည်းများသာမက ပြည်သူများပါ အားတက်သရော ပါဝင်နေကြောင်း ၊ သို့ပါ၍ နိုင်ငံရေးစေတနာနှင့် နိုင်ငံရေးယုံကြည်မှုတို့ တည်ဆောက်၍ မှန်ကန်သော နိုင်ငံရေး ဆုံးဖြတ်ချက်များဖြင့် ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားအတွက် ချမှတ်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပါကြောင်း စသည့် တိုက်တွန်းချက်တို့ ပါဝင်ပါသည်။

(ဃ)        NCCTနှင့် FDAတို့သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပြည်သူအားလုံး ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်ုလိုကြောင်း ဟူသည့် တူညီသောသဘာထားအမြင် ရှိကြကြောင်းကို မှတ်တမ်း အဖြစ် ထုတ်ပြန်ကြေညာအပ်ပါသည်။

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် ( FDA)


No comments:

Post a Comment