Monday, April 7, 2014

NDF 14သတင်းထုတ်ပြန်ချက် အမှတ်စဉ်( ၁၄-၂၀၁၄)



-


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ်စဉ်( ၁၄-၂၀၁၄)

ရက်စွဲ။ ၂-၄-၂၀၁၄

 

NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကျင်းပ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ၃၀-၃-၂၀၁၄ ရက်နေ့ နံနက် ၁၀း၀၀နာရိတွင် ဗဟိုဌာနချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီ ဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌများဖြစ်သော ဦးစိုးဝင်းနှင့်ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင်၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်များဖြစ်ကြသော ဦးကျော်အောင်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးအောင်ဇင်နှင့် ဦးအောင်ဆန်းတို့ တက်ရောက်ခဲ့ကြသည်။

         အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အသစ် ၃ ဦး ရွေးချယ်ခြင်းးကို အတည်ပြုခြင်း၊ ဗဟိုအလုပ်ကော်မတီဝင် လေးဦးရွေးချယ်ခြင်းကိုအတည်ပြုခြင်း၊ ပါတီအမှတ်တံဆိပ်ပြင်ဆင်ခြင်းကို အတည်ပြု ခြင်းနှင့် ပြည်နယ်နှင့်တိုင်းအသီးသီး၏ စည်းရုံးရေးအခြေအနေများ၊ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေများ၊ ပါတီ၏ဘဏ္ဍာရေးကိစ္စ၊ လူငယ်ဖွဲ့စည်းရေးကိစ္စများနှင့် ပဉ္စမအကြိမ်နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီ အစည်းအဝေး မန္တလေးမြို့တွင်ကျင်းပရေးနှင့်စပ်လျဉ်းသော ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂း၃၀နာရီတွင် ရုပ်သိမ်းခဲ့သည်။

         ထို့နောက် နေ့လည် ၁း၃၀နာရီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုအလုပ်ကော်မတီ စုံညီ အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ချမှတ်သော ဆုံးဖြတ်ချက်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီး၏ စည်းရုံးရေးအခြေအနေများ၊ ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့် ၂၀၁၄ တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် မဲဆန္ဒနယ်မြေ များ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့်  အခြေအနေများကို တက်ရောက်လာသူ များက ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၄း၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် အသစ်ရွေးချယ် ခံရသူများမှ ဦးထက်အောင်ကျော်(ရန်ကုန်တိုင်း)၊ ဦးကြီးမြင့် ( ဗဟိုဥပဒေရေးရာအဖွဲ့ခေါင်းဆောင်)၊ ဦးအေးမင်း ထွန်း ( မကွေးတိုင်း) တို့ဖြစ်ကြပြီး ဗဟိုအလုပ်ကော်မတီဝင်များအဖြစ် ဦးမောင်မောင်လှသောင်း( မန္တလေးတိုင်း)၊ ဦးမြတ်မိုးမြင့်(ကချင်ပြည်နယ်)၊ ဦးသန်းဦး(ကချင်ပြည်နယ်)နှင့် ဦးဇော်ကြီး(ခ)ဦးဝင်းဇော်( မကွေးတိုင်း) တို့ ဖြစ် ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

NDF ပါတီခေါင်းဆောင်များ မွန်ပြည်နယ်၊ ပေါင်မြိှု့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များသည် ၁-၄-၂၀၁၄ ရက်နေ့ နံနက် ၁၁း၀၀နာရီတွင် မွန်ပြည်နယ်၊ ပေါင်မြိုနယ်၊ ကျုံကကျေးရွာတွင် ပြုလုပ်သော ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ တွေ့ဆုံပွဲသိှု့ နံနက်ပိုင်းတွင်ရန်ကုန်မှမော်တော်ကားဖြင့် လာရောက် တက်ရောက်ခဲ့ကြသည်။

         ထို့တွေ့ဆုံပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး( ၁) ဦးကြည်သန်း၊ အတွင်းရေးမှူး (၂) ဦးနေမင်းကျော်၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးသာဆိုင်၊ ဦးကြီးမြင့်နှင့် ဦးတိုးတိုး၊ဗဟိုအလုပ်ကော်မတီဝင်  ဦးမြတ်မိုး၊ ဗဟိုအမျိုးသမီး အဖွဲ့ဝင် ဒေါ်လှလှမိုး၊ ဗဟိုလူငယ် ကိုကျော်သူရ ၊ မွန်ပြည်နယ်စည်းရုံးရေးမှူး ဦးမြင့်အောင်နှင့် ဦးအောင်ထွန်း၊ ပေါင်မြို့နယ် ဥက္ကဌ ဦးအောင်ဆန်းနှင့်မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွားစည်းရုံးရေးကော် မ တီဝင်များနှင့်ပါတီဝင်များ စုစုပေါင် အင်အား ၁၀၀ခန့်တက်ရောက်ခဲ့ကြသည်။

         ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အမှာစကားပြောကြားရာတွင် ပေါင်မြို့နယ်သည် NDF ပါတီ၏ စည်းရုံးရေးအကောင်းဆုံးမြို့နယ်ဖြစ်ပြီး ရပ်ကျေး ၄၀ကျော်အထိ ပါတီရုံးများဖွင့်လှစ်ထားနိုင်သည့်အတွက်  ဆောင်ရွက်ပေးမူကို အထူးကျေးဇူးတင်ပါကြောင်း၊ မွန်ပြည်နယ်စည်းရုံေးရးမှူး ဦးကြည်အေး ပြစ်ဒဏ်ကျခံလိုက် ရသည့်အတွက် ပါတီဝင်များကို အားပေးရန်အတွက် ပါတီခေါင်းဆောင်များကိုယ်တိုင် လာရောက်ခြင်းဖြစ် ကြောင်း၊ ပါတီအနေဖြင့် ထိုအမှုကို မှန်မှန်ကန်ကန်ဖြစ်စေရန်အတွက် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ပြည်သူလူထု၏ နစ်နာမှုများကို တင်ပြနိုင်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

         ထို့နောက်တက်ရောက်လာသူများက မြေသိမ်းခံမှုကိစ္စများ၊ ကျောင်းမြေအလွဲသုံးစားပြုလုပ်မှု၊  မူလတန်းကျောင်းဆောက်လုပ်မှု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်းနိုင်ရေးကို ပါတီမှ ကူညီတင်ပြပေးရန်ကိစ္စ၊ မျိုးစောင့်ဥပဒေအပေါ် ပါတီ၏သဘောထားနှင့် ပြစ်ဒဏ်ကျခံရခဲ့ရသော မွန်ပြည်နယ် စည်းရုံးရေးမှူး ဦးကြည်အေး၏ အမှုဖြစ်စဉ်အမှန်ကို ထိုကိစ္စတွင်ပါဝင်ခဲ့သူတစ်ဦး၏ တင်ပြချက်များ ကို  ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဗဟိုဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်တို့က ပြန်လည် ဖြေကြားခဲ့ပြီး ပါတီဒုဥက္ကဌ ဦးစိန်လှဦမှ NDF ပါတီပေါ်ပေါက်လာရခြင်းသမိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မွန်ပြည်နယ်စည်းရုံးရေးမှူး ဦးမြင့်အောင်မှ ကျေးဇူးတင်စကားပြောကြားကာ တွေ့ဆုံပွဲကို နေ့လည် ၂း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

         ထိုမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး ည ၉း၀၀နာရီတွင်ရန်ကုန်ဌာနချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း သတင်းထုတ်ပြန်ပါသည်။

 

 

         နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံပွဲသို့  NDF ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့

         ၂၈-၃-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ရန်ုကုန်မြို့၊ ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန်တိုင်းအစိုးရအစည်အဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊  ပါတီဒုခေါင်းဆောင် ဦးတိုးပိုနှင့် ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့ တက်ရောက်ခဲ့ကြသည်။ ထို့တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတထံသို့ NDFပါတီ၏ အကြံပြုချက် စာတမ်းကို သမ္မတထံပေးအပ်ခဲ့ပြီး ပါတီ၏ တင်ပြချက်အဖြစ် ငါးမိနစ်ကြာ အကျဉ်းချုပ်ပြောကြားခဲ့ ကြောင်း သိရှိရသည်။

         ညပိုင်းတွင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင်ကျင်းပသည့် နိုင်ငံတော်သမ္မတ၏ ဧည့်ခံပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ တက်ရောက်ခဲ့ကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။


No comments:

Post a Comment