Friday, August 1, 2014

Fwd: ndf သတင်းထုတ်ပြန်ချက် ၃၄၊ fda အစည်းအဝေးကျင်းပခြင်း



---------- Forwarded message ----------
From: ndfmyanmar.hq <ndfmyanmar.hq@gmail.com>
Date: 2014-08-01 21:35 GMT+06:30
Subject: ndf သတင်းထုတ်ပြန်ချက် ၃၄၊ fda အစည်းအဝေးကျင်းပခြင်း
To:


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၃၄-၂၀၁၄)

ရက်စွဲ။ သြဂုတ်လ(၁)ရက်၊ ၂၀၁၄

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA အဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်

         ၁-၈-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ဖက်ဒရယ်ဒီမိုကရေစီ မဟာ မိတ် FDA အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

         ထိုအစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDAအဖွဲ့ဝင် ပါတီများဖြစ်ကြသော ကရင်ပြည်သူ့ပါ တီ၊ ချင်းတိုးတက်ရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

         အစည်းအဝေးတွင် သဘာပတိအဖြစ်NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေက ဆောင်ရွက်ပြီး အခမ်းအနား မှူးအဖြစ် NDF ပါတီအတွင်းရေးမှူး(၂) ဦးနေမင်းကျော်က ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးအစီအစဉ်အရ သဘာပတိ ဦးခင်မောင်ဆွေက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပါတီမှ လွှတ်တော်များတွင် တင်သွင်းခဲ့သော ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးအဆိုများနှင့် ပတ်သက်၍ သမိုင်းကြောင်းနှင့်ဖြစ်ပေါ်မှုနောက်ဆုံးအနေအထားများ၊  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုး ပြီးနောက်  ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် Time Frame စာတမ်းတစ်စောင် ပြုစုထားရှိမှုနှင့်  ထိုစာတမ်းအား အခြေခံ၍ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDAအဖွဲ့၏ သဘောထားစာတမ်းဖြစ်လာရေးအတွက် ပါတီများ၏ ထင်မြင်ယူဆချက်များနှင့်လိုအပ်ချက်များကို ထည့်သွင်းရန်၊ မြန်မာ့နိုင်ငံရေးအခြေအနေအရ ကိုးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရေးကို တွန်းအားပေးရန် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ သည်။

         ထို့နောက် ကရင်ပြည်သူ့ပါတီမှ ဦးဒစ်ဆင်ထွန်းလင်း၊ ချင်းတိုးတက်ရေးပါတီမှ ဒေါ်ချယ်ရီဇာဟောင်း၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးအောင်သန်းတင်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွှန့်၊  ဒီမိုကရက် တစ်ပါတီ မြန်မာမှ ဦးတင်ဆွေနှင့် ဦးအောင်သန်းမြင့်၊ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ဦးသောင်းဝင်း၊ မြန်မာ့လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေ၊ ဦးနေမင်းကျော်၊ ဦးစိန်လှဦးတို့က  ပါတီအသီးသီး၏ ထင်မြင်ယူဆချက်နှင့် အကြံပြုချက်များကို  ဆွေးနွေးခဲ့ကြ သည်။ ထိုဆွေးနွေးချက်များအရ  ပြည်သူ့လွှတ်တော်တွင် ဖွဲစည်းခဲ့သော ရွေးကောက်ပွဲစနစ်လေ့လာရေး ကော်မရှင်ကို ကြိုဆိုကြောင်း၊ ကိုးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်လာရေးနှင့်  နိုင်ငံရေးဆွေးနွေးပွဲအတွက် စာတမ်းတစ်စောင်ပြုစုရေး စသည့်အချက်များ ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA ၏  ကြေညာချက် အမှတ်  ၆/ ၂၀၁၄  ကို ထုတ်ပြန်ရန် သဘောတူခဲ့သည်။

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA အစည်းအဝေးကို ညနေ ၃း၀၀နာရီတွင် ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီ ယာများနှင့်တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို  ဦးခင်မောင်ဆွေ၊ ဦးနေမင်းကျော်၊ ဦးတင်ဆွေနှင့် ဦးတိုးတိုးတို့က ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


Sunday, June 8, 2014

NDF ပဲခူးတိုင်းစည်းရုံးရေးကော်မတီဖွဲ့စည်းရေး အစည်းအဝေး NDF ပါတီဌာနချုပ်တွင်ကျင်းပ



-


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ချက်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၂၂-၂-၂၀၁၄)

ရက်စွဲ။  ၇-၆-၂၀၁၄

NDF  ပဲခူးတိုင်းစည်းရုံးရေးကော်မတီဖွဲ့စည်းရေး အစည်းအဝေး NDF ပါတီဌာနချုပ်တွင်ကျင်းပ

         ၇-၆-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင်  အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF  ပါတီဌာနချုပ်ရုံး တွင်  ပဲခူးတိုင်းစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် ပဲခူးတိုင်းအတွင်း စည်းရုံးရေးကိစ္စများဆွေးနွေးပွဲ ကို  ကျင်းပပြုလုပ်ခဲ့သည်။

         ထိုအစည်းအဝေးသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒု ဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ ပဲခူးတိုင်းတာဝန်ခံ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များဖြစ်ကြသော ဦးတိုးတိုးနှင့် ဦးအောင်ဇင်၊ ပဲခူးတိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်များမှ မြို့နယ် ကိုယ်စားလှယ်များ  စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

         အစည်းအဝေးတွင် သဘာပတိအဖြစ် ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူးအဖြစ် ဦးနေမင်းကျော်တို့က ဆောင်ရွက်ခဲ့သည်။ သဘာပတိမှ အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းသည် ပါတီအတွက် အခရာကျသဖြင့် ပဲခူးတိုင်းစည်းရုံးရေးကော်မတီကို လုပ်ကိုင်နိုင်စွမ်းရှိသူများ ပါဝင်လာနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူကျင်း ပရခြင်းဖြစ်ကြောင်းနှင့် ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းများမှ တင်သွင်းကြသော ကိုယ်စားလှယ်များ အချင်းချင်း ညှိနိုင်းကြပြီး သင့်တော်သူများဖြင့် ပဲခူးတိုင်းစည်းရုံးရေးကော်မတီကို ရွေးချယ်ပေးရန် မှာကြားခဲ့ သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်မှ ရွေးချယ်ရာတွင် လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများကို ရှင်းပြခဲ့ပြီး တက်ရောက်လာသော မြို့နယ်များမှ တင်သွင်းသော ကိုယ်စားလှယ်များကို စာရင်းပြုစုပြီး ရရှိလာသော ကိုယ်စားလှယ်များမှ ပဲခူးတိုင်းစည်းရုံးရေးကော်မတီကို လာမည့် ၂၈-၆-၂၀၁၄ ရက်နေ့တွင် ဖွဲ့စည်းရန် အချိန်သတ်မှတ်ပေးခဲ့သည်။

         ထို့နောက် တက်ရောက်လာသောမြို့နယ်များမှ စည်းရုံးရေးကိစ္စ၊ လယ်ယာမြေကိစ္စနှင့်  ပါတီလုပ်ဆောင် မှုအခြေအနေများကို မေးမြန်းရာတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊  ဒေါက်တာဝင်းနိုင်၊ ဦးအောင်ဇင်တို့မှ ပြန်လည် ဖြေကြားပြီး ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှ ပါတီဝင်များ ထားရှိရမည့် စိတ်ထားများအကြောင်း ပြောကြားပြီး အစည်းအဝေးကို ညနေ ၄း၀၀နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


Sunday, May 25, 2014

Fwd: NDF တွံတေးမြို့နယ်ရုံးဖွင့်ပွဲ ကျင်းပပြုလုပ်



အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၂၀-၂၀၁၄

ရက်စွဲ။ ၂၅-၅-၂၀၁၄

NDF တွံတေးမြို့နယ်ရုံးဖွင့်ပွဲ ကျင်းပပြုလုပ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊တွံတေးမြို့နယ်ရုံးဖွင့်ပွဲကို ၂၅-၅-၂၀၁၄ ရက်နေ့ နံနက် ၁၀း၀၀နာရီ တွင် မြို့နယ်ရုံးတည်ရှိရာ အမှတ်၁/၁၃၊ မင်းရဲကျော်စွာလမ်း၊ အုန်းပင်စုရပ်ကွက်၊ ဒေါ်ညို၏ နေအိမ် စတုတ္ထထပ် တွင် ပြုလုပ်ခဲ့သည်။

         ထိုဖွင့်ပွဲသို့ NDFပါတီခေါင်းဆောင်များဖြစ်ကြသော ပါတီဒု-ခေါင်းဆောင် ဦးတိုးပို၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူ(၂) ဦးနေမင်းကျော်၊ ဗဟိုရုံးအဖွဲ့မှူး ဦးတိုးတိုး၊ ဘဏ္ဍာရေးမှူးနှင့် ရန်ကုန်တိုင်းဥက္ကဌ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးသက်ထွန်းမောင်၊ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးထက်အောင်ကျော်နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတ်ီများ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ တွံတေးမြို့နယ်ဥက္ကဌ ဦးဟန်သောင်းနှင့် မြို့နယ်စည်းများ၊ ပါတီဝင်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ခန့် တက်ရောက်ခဲ့ကြသည်။

         သဘာပတိအဖြစ် တွံတေးမြို့နယ်ဥက္ကဌဦးဟန်သောင်း၊ အခမ်းအနားမှူးအဖြစ် ဒလမြို့နယ်ဥက္ကဌ ဦးတင်မောင်တို့က ဆောင်ရွက်ခဲ့ပြီး ၊သဘာပတိက အမှာစကားပြောကြားရာတွင် တွံတေးတွင် ၂၀၁၀ကတည်း က ပါတီရုံးဖွင့်လှစ်ခဲ့သော်လည်း ယနေ့အချိန်မှသာ မြို့ပေါ်တွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ပါတီအနေဖြင့် ချမှတ် ထားသည့်မူများအတိုင်း ပြည်သူ့အကျိုးကို ဆက်လက်သယ်ပိုးသွာရန် ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။

         ပါတီဒုခေါင်းဆောင်ဦးတိုးပိုမှ ပါတီတည်ထောင်ရခြင်းရည်ရွယ်ချက်နှင့် ရှေ့ဆက်လက်လုပ်ဆောင်သွား ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဥက္ကဌဦးသက်ထွန်းမောင်မှ ရန်ကုန်တိုင်း အတွင်းဆောင်ရွက်နေမှုများ၊ တွံတေးမြို့နယ်အတွက် ဆောင်ရွက်ပေးခဲ့မှုများ၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည် များကို ရှင်းလင်းပြောကြားခဲ့သည်။ ဗဟိုလူငယ်ဖွဲ့စည်းရေးတာဝန်ခံ ကိုကျော်သူရက NDF ပါတီဝင် လူငယ်များ ထားရှိရမည့် သဘောထားများနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခဲ့သည်။ ပါတီဒုဥက္ကဌဦးစိန်လှဦးမှ NDF ပါတီ သမိုင်းနှင့် သမိုင်းခေတ်၏ တောင်းဆိုချက်အရ ပါတီဖြစ်ပေါ်လာရခြင်းများကို ရှင်းလင်းပြောကြားပြီး ပါတီ အနေဖြင့် ထားရှိရမည့် သဘောထားများကို ရှင်းလင်းပြောကြားခဲ့သည်။

         ထို့နောက် မြို့နယ်ရုံးဖွင့်ပွဲအခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


Friday, May 23, 2014

ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ဈာပနကျင်းပပြီးစီး



အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ချက်အမှတ် ၁၉/၂၀၁၄

ရက်စွဲ။  ၂၃-၅-၂၀၁၄

 

       NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ဈာပနကျင်းပပြီးစီး

         ၂၁-၅-၂၀၁၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားခဲ့သော NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ဒေါက်တာသန်းငြိမ်း၏ဈာပနကို ၂၃-၅-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ရေဝေးသုဿန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

         NDFပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၏ဈာပနသို့ ဒေါက်တာသန်းငြိမ်း၏ မိသားစုဝင်များ၊ ညီအကို မောင်နှမများ၊ ဆွေမျိုးသားချင်းများနှင့် NDFပါတီခေါင်းဆောင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊ NDFပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းနှင့်ပြည်နယ်များမှ တိုင်း စည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ NDFပါတီဝင်များ၊ ဖက်ဒရယ်ဒီမိုကရေစီမဟာ မိတ် FDA အဖွဲ့ဝင်ပါတီများ၊ ညီနောင်သားချင်းပါတီများအဖွဲ့ NBF အဖွဲ့ဝင်ပါတီများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးတင်ဦးနှင့် ပါတီဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များမှအဖွဲ့ဝင်များ မှ တက်ရောက်ခြင်း၊ ပန်းခွေ၊ပန်းခြင်း ပေးပို့ကြခြင်း၊  သံရုံးများမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့ကြပါသည်။

         ဈာပနအခမ်းအနားကို အခမ်းအနားမှူးအဖြစ် NDFပါတီ အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်မှ ဆောင်ရွက်ခဲ့ပြီး မိသားစုဝင်များမှ ဂါရ၀ပြုကန်တော့ခြင်း၊ NDF ပါတီဝင်များမှ ဂါရ၀ပြုခြင်း၊ NDFပါတီဝင်လူငယ်များမှ နောက်ဆုံးဂါရ၀ပြုကန့်တောခြင်း၊ ဒေါက်တာသန်းငြိမ်းအား လေးစားသောအားဖြင့် တမိနစ်ငြိမ်သက်အလေးပြုခြင်း၊ ဒေါက်တာသန်းငြိမ်း၏ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကို NDFပါတီ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်မှ ဖတ်ကြားခြင်း၊ NDFပါတီ၏ အမိန့် စာကို ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်မှ ဖတ်ကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။

         ထို့နောက် မီးသဂြိုလ်မည့်နေရာသို့ ဒေါက်တာသန်းငြိမ်း၏ မိသားစုဦးဆောင်မှုဖြင့် ပါတီဝင်များက ၀န်းရံ ပို့ဆောင်၍ နေ့လည် ၁း၀၀ နာရီတွင် မီးသဂြိုလ်ခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 


Biography of Dr Thein Nyein






ဒေါက်တာသန်းငြိမ်း၏ ကိုယ်ရေးရာဇ၀င်အကျဉ်း

         ဒေါက်တာသန်းငြိမ်းကို (၅-၈-၁၉၃၈ ) ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ခနောင်အရှေ့ကျေးရွာတွင် အဖ ဦးတင်ညွှန့်၊ အမိ ဒေါ်ခင်ညွန့်တို့မှ မွေးဖွားသည်။

         ၁၉၅၄ ခုတွင် ရန်ကုန်မြို့မအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး  ရန်ကုန်ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သည်။ တက္ကသိုလ်တက်နေစဉ်အတွင်း ကျောင်း သားလှုပ်ရှားမှုများနှင့် ရန်ကုန်ဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။  တောင်ငူခရိုင်နှင့်မြင်းခြံ ခရိုင်တွင် အနာကြီးရောဂါ တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်၊ မြင်းခြံဆေးရုံတွင် လက်ထောက် ဆရာဝန်အဖြစ်လည်းကောင်း၊ မြို့နယ်ဆရာဝန်အဖြစ် ကျောက်ကြီး၊ ရေကြည်နှင့် ရှမ်းပြည် ဖယ်ခုံမြို့နယ်တွင် လည်းကောင်း၊  ကုလသမဂ္ဂစေတနာ့ဝန်ထမ်းဆရာဝန်အဖြစ် သိရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆အထိ) လည်းကောင်း၊ ဆောင်ရွက်ခဲ့သည်။

         ၁၉၈၈အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။ ကျောက်တန်းမြို့နယ်တွင် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်သို့ ပါတီဝင်တစ်ဥိးအဖြစ် ၀င်ရောက်ခဲ့ပြီ  မြို့နယ်ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ်မဲဆန္ဒနယ်မြေမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။

         ၁၉၉၆ခုနှစ်တွင် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီတွင် ဒု-ဥက္ကဌအဖြစ် တာဝန်ပေးခံရသည်။ ၁၉၉၇ခုနှစ်တွင် ဆေးခန်းဖွင့်သည့်ကိစ္စဖြင့် တရားစွဲခံရပြီး ဆမလက်မှတ် သိမ်းဆည်းခံခဲ့ရသည်။ ၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စဆောင်ရွက်မှုဖြင့် ဒေါ်မေ၀င်းမြင့်တို့နှင့်အတူ ဖမ်းဆီးခံရပြီး  ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသည်။  ရန်ကုန်ထောင်၊ ပြည်ထောင်၊ ပေါင်းတည်ထောင်များတွင် နေခဲ့ရသည် ။ လွတ်ရက်စေ့သော်လည်း ပုဒ်မ ၁၀(က)ဖြင့် တစ်နှစ်စီတိုးပြီး သုံးကြိမ်တိုင်တိုင် ဆက်လက်ချုပ် နှောင်ခံခဲ့ရသည်။ ၂၀၀၈ခုနှစ် ၊ စက်တင်္ဘာလတွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်ည။

         ထောင်မှလွတ်ပြီး NLD ရန်ကုန်တိုင်းဒု-ဥက္ကဌ တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ခုနှစ် တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထောက်အကူပြုအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။  ရွှေဂုံတိုင် စာတမ်းကို ပြုစုသောအဖွဲ့တွင် တစ်ဦးအပါအ၀င် ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အဖြစ် တာဝန်ပေးအပ်ခံရသည်။

         ၂၀၁၀ ခုနှစ်၊ မတ်လတွင် NLD ပါတီကို ထပ်မံမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်သင့်ကြောင်းကို ဦးဆောင် ဆွေးနွေးခဲ့သည်။ NLD ပါတီ တရားဝင်သက်တမ်းကုန်သည့်နေ့ (၆-၅-၂၀၁၀)ရက်နေ့အထိ ပါတီနှင့်အ တူ ရှိနေခဲ့သည်။

         ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် ဒီမိုကရေစီစနစ်သို့ သွားရောက်နိုင်ရန်အတွက် နိုင်ငံရေးပါတီတစ်ခု တည်ရှိရန် လိုအပ်ခြင်းနှင့် မပြီးဆုံးသေးသော တာဝန်များကို ဆက်လက်ထမ်းရွက်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီကို ဇွန်လတွင် ထူထောင်ခဲ့သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ ပါတီတရားဝင် မှတ်ပုံတင်ကျပြီးနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။  ၂၀၁၂ ခုနှစ်တွင် ကျန်းမာရေးအရ ပါတီခေါင်းဆောင်တာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့သည်။

         အကျဉ်းကျခံနေရစဉ်အတွင်း အသည်းကင်ဆာရောဂါကို ရရှိခဲ့ပြီး ထိရောက်သောကုသမှုများ မခံခဲ့ရပါ။ ထို့ကြောင့် ထောင်မှလွှတ်ပြီးနောက် နိုင်ငံခြားသို့ ၁၀ ကြိမ်တိုင်တိုင် သွားရောက်ဆေးကုသခဲ့သည်။

         ပင်လုံဆေးရုံတွင် တက်ရောက်နေစဉ် ၂၁-၅-၂၀၁၄ရက်နေ့မနက်ပိုင်း အသက်(၇၆) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

         နိုင်ငံရေးစာပေစာတမ်းများကို ရေးသားခဲ့ပြီး ရွှေဂုံတိုင်ရှင်းတမ်းစာတမ်းမှာ စိတ်ဝင်စားစရာ ဖြစ်သည်။ တောဆရာဝန်ဘ၀ အတွေ့အကြုံ စာအုပ်ကို ထုတ် ဝေခဲ့သည်။ အချိုးကျကိုယ်စားပြုမဲပေးစနစ် ပီအာကို  မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်ပြောကြားခဲ့သူလည်း ဖြစ်သည်

#to be happy#

$$ kotoetoe $$

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ကြေညာချက် ၅-၂၀၁၄






ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA

ကြေညာချက်အမှတ် (၅/၂၀၁၄)

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ မေလ(၁၅) ရက်

 

         ၁၄-၅-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA  အစည်းအဝေး တွင် တက်ရောက်သောပါတီများမှ အောက်ပါအချက်များကို သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ သို့ပါ၍-

 

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်တို့နှင့်ပတ်သက်ပြီး ထုတ်ပြန်မည့် ညွှန်ကြားချက် အမှတ် (၁/၂၀၁၄)မူကြမ်းပါအချက်များနှင့်ပတ်သက်၍ အချို့သောအချက်များအား ပြုပြင်ပေး ရန်နှင့် အချို့အား ပယ်ဖျက်ပေးရန်၊

 

၂။      ပါတီစုံစနစ်ကို ပိုမိုပီပြင်ထွန်းကားရေး၊ ရွေးကောက်ခံအာဏာရှင်စနစ် မထွန်းကားရေး၊ ပါတီကြီး ၀ါဒမှကာကွယ်ရေး၊ အနာဂတ်နိုင်ငံရေးတည်ငြိမ်ရေးတို့ကို ရှေ့ရှုပြီး သင့်လျှော်သည့်အချိန်တွင် သင့်လျှော်သည့်ပုံစံဖြင့်  ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ပါရန်၊

 

၃။      တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက်  ထာဝရငြိမ်းချမ်းရေး ရရှိရေး အတွက် ကျင်းပပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ Political Dialogue  တွင် နိုင်ငံရေးပါတီ များအားလုံး ပါဝင်တက်ရောက်ဆွေးနွေးခွင့် ရှိစေရန်။၊

 

၎။      ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ ဒီမိုကရေစီယုံကြည်မြတ်နိုးသော တိုင်းရင်းသားလူမျိုးစု ပါတီများအပါအ၀င်  နိုင်ငံရေးပါတီများ၊ အစုအဖွဲ့များ၊ ပုဂ္ဂိုလ်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီနှုန်းပြည့်စံကိုက် ဥပဒေမဟုတ်၍  ပြင်ဆင်ပြောင်းလဲ နှုတ်ပယ် ဖြည့်စွက် မှုများ ပြုလုပ်သွားရန်  ထိုဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာစဉ်ကနှင့် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ ရွေးကောက်ပွဲကြေညာစာတမ်းများတွင်လည်းကောင်း အတိအလင်းကြေညာပြီး မြန်မာနှင့် ကမ္ဘာကိုပါ အသိပေးထားပြီး ဖြစ်သကဲ့သို့ ယခုကာလတွင်လည်း အခွင့်အခါ သင့်တိုင်း ယင်းသဘောထားကို ထပ်တလဲလဲ အတည်ပြုရေးသား တင်ပြပြောကြားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA ၀င်ပါတီများသည်လည်း ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် မိမိတို့ ပါတီများ အလိုက် အထူးအာရုံစိုက်လုံလဥဿှဟပြုကာ  အစိုးရအဖွဲ့၊ လွှတ်တော်ကော်မတီ စသည်တို့နှင့် ပြည်သူလူထုကိုပါ အကြိမ်ကြိမ်  တင်ပြထုတ်ပြန်ပြီး ဖြစ်ပါသည်။

 

 

 

 

၅။      အာဆီယံဥက္ကဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူကျင်းပသည့် ယခုအာဆီယံထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး တောင်တရုတ်ပင်လယ် အခြေအနေပေါ်တွင်လည်း ပါဝင်ပတ်သက် နေသည့်နိုင်ငံများအနေနှင့် နိုင်ငံတကာဥပဒေလေးစားလိုက်နာရေး၊  စိတ်ရှည်သည်းခံမှုနှင့် ဖြေရှင်း ရေးတို့ပါဝင်သည့် ဘုံသဘောတူညီချက်တစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့ခြင်းကို  အထူးဂုဏ်ယူ ၀မ်းမြောက် မိပါသည်။ ထို့ပြင် ကောင်းမွန်သော အုပ်ချုပ်ရေးမြှင့်တင်မှုဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း၊ အာဆီယံ ပါလီမန်များဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးပွဲများဆောင်ရွက်ခြင်း၊ လူငယ်နှင့်အရပ်ဖက် အဖွဲ့အစည်း များ အခန်းကဏ္ဍမြှင့်တင်ရေးဆောင်ရွက်ခြင်း၊ အာဆီယံအရင်းအနှီးဈေးကွက်ပေါ်ထွန်းရေး၊  အာဆီယံ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းဗဟိုဌာန ထူထောင်ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်ကာကွယ်ရေး ထောက်ကူပြုရာသီဥတုဒဏ်ခံ စိုက်ပျိုးရေးစနစ် အသုံးပြုရေး၊ အာဆီယံဒေသတွင်း လမ်းကွန်ယက် စနစ်များ ဆောင်ရွက်ခြင်း စသည်တို့ကို သဘောတူညီခဲ့ကြကြောင်း တွေ့ရပါသည်။ ယင်းကဲ့သို့ အာဆီယံနိုင်ငံများအတွင်း ညှိနိုင်းဆောင်ရွက်ရန်ကိစ္စရပ်များအား သဘောတူဆောင်ရွက်ခြင်းကို ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA က ကြိုဆိုပါကြောင်း ဟူသည့် အထက်ဖော်ပြပါ သဘောထား များအား ကျွနုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA က အလေးအနက် ထုတ်ပြန်ကြေညာအပ်ပါ

သည်။

 

                                                                       ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA


Monday, May 12, 2014

ndf 16 fda သတင်းထုတ်ပြန်ချက်အမှတ် (၁၆/၂၀၁၄)



-

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  (၁၆/၂၀၁၄)

ရက်စွဲ၊                  ၁၂-၄-၂၀၁၄

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA အစည်းအဝေးကျင်းပ

         ၁၂-၅-၂၀၁၄ ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင်  အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်ရုံးတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

         ထိုအစည်းအဝေးသို့ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့မှ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

         အစည်းအဝေးတွင် ပြည်ထောင်စုကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄)ပါ အချက်များနှင့် ပတ်သက်၍ ပါတီအသီးသီး၏ ထင်မြင်ချက်များနှင့် ပြည်ထောင်စုကော်မရှင်နှင့် ၁၅-၅-၂၀၁၄ရက်နေ့တွင် တွေ့ ဆုံရာတွင် တင်ပြရန်အချက်များများ၊ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးပါတီများ ပါဝင်ရေးနှင့် ပတ်သက် သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပါတီ အသီးသီး၏ လုပ်ဆောင်ချက်များကို မီဒီယာများမှတဆင့် ရှင်းလင်းပြောကြားရန်ကိုလည်း သဘောတူညီခဲ့ပြီး အစည်းအဝေးကို လာမည့် ၁၄-၅-၂၀၁၄ ရက်နေ့တွင် ထပ်မံကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

         အစည်းအဝေးကို ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်းချက် များကို ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွှန့်၊  ညီညွတ်သောဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးလှမြင့်နှင့် ကရင်ပြည်သူ့ပါတီဒုဥက္ကဌ ဦးစောဆေးဝါးတို့က ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

         လာမည့် ၁၄-၅-၂၀၁၄ ရက်နေ့ ညနေ ၄း၀၀နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏ ပြည်ထောင်စုကော်မရှင်၏ ညွန်ကြားချက်အမှတ် ၁/ ၂၀၁၄ အပေါ် ထုတ်ပြန်ချက်နှင့် အခြေခံဥပဒေပြင်ဆင်ရေး နှင့်စပ်လျဉ်းပြီး ပါတီများ၏သဘောထားကို ထုတ်ပြန်မည်ဖြစ်သည်။

ထို့ကြောင် သတင်းမီဒီယာများအနေဖြင့် တက်ရောက်မေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။